‌မိုးအေးအေးနဲ့ ကြာဇံပြုတ်ချဉ်စပ်လေး

//s9.kh1.co/67/678e0146e5faa4d8b9715fe29a95d9dec44e5c49.jpg
MPT Lifestyle

 ၂၆-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ လ က

မိုးအေးအေးနဲ့ ကြာဇံပြုတ်ချဉ်စပ်လေး

မိုးအေးအေးမှာ ပူပူစပ်စပ် ပွင့်ထွက်စေမယ့် ကြာဇံပြုတ်ချဉ်စပ်ပူပူလေး လုပ်စားကြည့်ရအောင်။ လုပ်ရလည်း လွယ်ကူပြီး စားလို့ အတော်ကောင်းတာမို့ တစ်ခါလောက် စမ်းလုပ်စားကြည့်ကြပါနော်။ 
ကြာဇံပြုတ်ချဉ်စပ်ပူပူစပ်စပ်လေး လုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ၁။ ရေစိမ်ပြီး အသင့်ရှိသော ကြာဇံ ၂။ ငရုတ်သီးစိမ်း ၊ ငရုတ်ကောင်း ၃။ ပဲပြား ၊ ကြက်ဥ ၄။ ဟင်းခတ်မှုန့် ၊ ဆား ၅။ မုန့်ညှင်းရွက်၆။ ကြက်သား တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5d/5d6c9bbc912bb2452d2c44a74e0eb68e35cc5304.jpg

ပထမဆုံး ဒယ်အိုးကို မီးဖွင့်ပြီး ရေထည့်ပါမယ်။ အာဟာရနဲ့ ပြည့်ဝအောင်လို့ ကြက်သားကို ရေဆေးပြီး ထည့်ပြုတ်လိုက်ပါမယ်။ ဆားအနည်းငယ်ထည့်ပါမယ်။ ကြက်သားပြုတ်ရည် ရပြီဆိုရင်တော့ ရေစိမ်ပြီးသား ကြာဇံကို ထည့်ပြုတ်လိုက်ပါမယ်။ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို တပြားရိုက်ပြီး ‌ကြာဇံပြုတ်ထဲကို ထည့်လိုက်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆား အနည်းငယ် ချိန်ဆ ထည့်ပါမယ်။ ပဲပြား ၊ မုန်ညှင်းရွက်တွေကို ကိုယ်စားမဲ့ အနေတော် အရွယ်အစားလေး လှီးပါမယ်။ ပဲပြားကို ထည့်ပြုတ်လိုက်ပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c0/c06e8e2a07676cdfd0b3431a3bc3ea9a6da5847b.jpg

ပြီးရင်တော့ ကြက်ဥ ဖောက်ထည့်လိုက်ပါမယ်။ မုန့်ညှင်းရွက် လှီးထားတာလေးတွေ ထည့်လိုက်ပါမယ်။ အနည်းငယ် မွှေပြီး အဖုံး ခဏ အုပ်ထားလိုက်ပါမယ်။ ၅ မိနစ်လောက်နေ အဖုံးဖွင့်လိုက်ရင်တော့ မွှေးကြိုင်ပြီး အာပူလျှာပူ ချဉ်ငံစပ် ကြာဇံပြုတ်ချဉ်စပ်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ပိုပြီး စားလို့ကောင်းသွားအောင် သံပုရာသီးလေး ညှစ်ထည့်လိုက်ပါမယ်။ ပူပူစပ်စပ်လေး အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားချင်တယ်ဆိုရင်တော့ ဒီ ကြာဇံပြုတ်ချဉ်စပ်လေးကို စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ အာဟာရလည်း ပါတာမို့ စားကြည့်ကြည့်ပါနော်။ 

https://s9.kh1.co/__image/w=650,h=342,q=100/0c/0cbb87c1b3320bbc9fda83674c6f4cf9631c3a94.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T