ထမင်းမြိန်စေဖို့ အကောင်းဆုံး ဟင်းချိုတစ်ခွက်

//s9.kh1.co/37/37e4ae6cf22592753acf58647c4b46a8f54cc37e.jpg
MPT Lifestyle

 ၂၅-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ လ က

ထမင်းမြိန်စေဖို့ အကောင်းဆုံး ဟင်းချိုတစ်ခွက်

အခုလိုရာသီကြီးမှာ ဘာစားစား ခံတွင်း မတွေ့ဘူး ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် စားလို့လည်း မြိန်ပြီး လုပ်ရလွယ်ကူတဲ့ တရုတ်စတိုင် တုံ့ယမ်းဟင်းချို ချဉ်ချဉ်စပ်စပ်လေး လုပ်စားကြည့်ရအောင်။ 
တုံ့ယမ်းဟင်းချိုလေးရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့ ၁။ တုံ့ယမ်းခဲ ၂။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၃။ ဂျင်း ၄။ ဟင်းခတ်မှုန့် ၊ ဆား ၅။ ကောက်ရိုးမှို ၊ မုန်ညှင်း ၆။ ပန်းပွင့် ၊ ဥနီ ၊ ခရမ်းချဉ်သီး ၇။ ကြက်ဥ ၈။ ရှောက်ရည် တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/af/af734ae999d9a2ffd2f5129d6c2aab708c08a415.jpg

ပထမဦးဆုံး ကောက်ရိုးမှို ၊ မုန်ညှင်း ၊ ပန်းပွင့် ၊ ဥနီ ၊ ခရမ်းချဉ်သီး တို့ကို အရွယ်တော်ဆိုဒ် လှီးဖြတ်ထားပါမယ်။ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါမယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းတို့ကို ဓားပြားလေးနဲ့ တပြားရိုက်ထားပါမယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီအနီ အနည်းငယ်ထည့်ပြီး‌နောက် တပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း ၊ ငရုတ်သီးစိမ်းတို့ကို ရောကာ ဆီသတ်လိုက်ပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c9/c920242325333aa5d922a8e18e4a82b1a35c9783.jpg

မွှေးလာပြီဆိုရင်တော့ ရေ‌ခပ်နွေးနွေးကို ဒယ်အိုးတစ်ဝက် ထည့်လိုက်ပါမယ်။ ရေအနည်းငယ် ဆူလာပြီဆိုရင်တော့ တုံ့ယမ်းဟင်းချိုရဲ့ အသက်ဖြစ်တဲ့ တုံ့ယမ်းခဲလေး တစ်တုံး ထည့်လိုက်ပါမယ်။ ပြီးရင်တော့ အသင့်ရေစစ်ထားတဲ့ အသီးအရွက်တွေကို ဒယ်အိုးထဲ ထည့်လိုက်ပါမယ်။ ပိုပြီး စားလို့ကောင်းသွားအောင် ရှောက်ရည်အနည်းငယ် ထည့်ပြီး မွှေလိုက်ပါမယ်။ အဖုံးအုပ်ပြီးတော့ ၁၅ မိနစ်လောက် ထားထားလိုက်ပါမယ်။ ၁၅ မိနစ်ပြီးရင်တော့ အရမ်းကိုမှ မွှေးကြိုင်ပြီး ခံတွင်း တွေ့စေမဲ့ တုံ့ယမ်းဟင်းချိုလေးကို ရသွားပြီပဲ ဖြစ်ပါတယ်။ ပုစွန် ၊ အသား ထည့်ချင်တယ်ဆိုရင်တော့ ရေဆူလာတာနဲ့ အသားငါးတွေကို ထည့်ထားပါမယ်နော်။ ထမင်းမြိန်စေတာ‌မို့ တစ်ခါလောက်တော့ စားကြည့်ကြည့်ပါနော်။ 

https://s9.kh1.co/__image/w=650,h=342,q=100/89/89644347b923bb3b6f5f77570ddfe3fb370f4f0d.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T