ဆိမ့်ဆိမ့်လေးနဲ့ လူကြီးလူငယ်မရွေးကြိုက်တဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး

//s9.kh1.co/4b/4ba7069a3aaae1953168f329ae4714614061590b.jpg
MPT Lifestyle

 ២៤-ឧសភា-២០២៤ ៨ព្រឹក · ២ ឆ្នាំមុន

ဆိမ့်ဆိမ့်လေးနဲ့ လူကြီးလူငယ်မရွေးကြိုက်တဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး

တစ်ခါတစ်လေ အသုပ်ကလေးနဲ့ ထမင်းမြိန်မြိန် စားချင်တယ်ဆိုတဲ့ မမတို့အတွက် ထမင်းနဲ့ တွဲဖက်စားလို့ကောင်းမဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်စားကြည့်ရအောင် 
၁။ ခရမ်းသီး ၂။ ကြက်သွန်နီ ၃။ မြေပဲ ၊ နှမ်း ၃။ ဟင်းခတ်မှုန့် ၊ ‌ဆား တို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/65/6509a04828dc9f4df1f1b3e5aad4862fc97264e7.jpg

ပထမဦးစွာ ခရမ်းသီးကို မီးဖုတ်လိုက်ပါမယ်။ မီးဖုတ်ပြီးတဲ့ ခရမ်းသီးကို ပေါ်ယံအခွံပါးလေး နွှာလိုက်ပါမယ်။ ပြီးရင်တော့ မြေပဲ နဲ့ နှမ်း ရောထောင်းထားပါမယ်။ ကြက်သွန်နီ ရေဆေးပြီး ပါးပါးလှီးထားပါမယ်။ ကြက်သွန်နီပါးပါးလှီး နဲ့ မြေပဲထောင်းတို့ကို ဇလုံတစ်လုံးထဲ ထည့်ပါမယ်။ ဇလုံထဲကို မီးဖုတ်ထားတဲ့ ခရမ်းသီးကို ထည့်လိုက်ပါမယ်။ ဆီအနည်းငယ် ထည့်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆား အချိုးကျ လိုအပ်သလို ချိန်ဆ ထည့်ပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/57/5763c3cd2fe5bb76ad103d4c15daf412bb413b2c.jpg

ပြီးရင်တော့ အားလုံးကို အရသာနှံ့အောင် ရောနယ် မွှေပါမယ်။ အပေါ်ယံက‌နေ ပိုမွှေးပြီး စားလို့ကောင်းအောင် နှမ်းလေး ဖြူးလိုက်ပါမယ်။ ဒါဆိုရင်တော့ အရမ်းကို စားလို့ကောင်းပြီး အီဆိမ့်မွှေးနေမယ့် ခရမ်းသီး မီးဖုတ်သုပ်လေးကို ရရှိပြီပဲ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူတဲ့အပြင် လူကြီး လူငယ်မရွေး အကုန်ကြိုက်တာကြောင့် တစ်ခါလောက်တော့ စမ်းလုပ်စားကြည့်ကြပါနော်။ 

https://s9.kh1.co/__image/w=650,h=342,q=100/14/146f40fe991117483ff97c3313169a08bdd333fa.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T