လူသိနည်းတဲ့ ငှက်ပျောသီးကြော် ကြော်နည်း

//s9.kh1.co/15/158718e6f5adefce059669d0b40cb06c58419dee.jpg
MPT Lifestyle

 ၂၂-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လူသိနည်းတဲ့ ငှက်ပျောသီးကြော် ကြော်နည်း

အချိုမုန့်စားချင်တယ် ၊ ဓာတုပစ္စည်းတွေနဲ့ ဘေးထွက်ဆိုးကျိူးဖြစ်မှာလည်း ကြောက်တယ်ဆိုတဲ့ အိမ်ရှင်မတို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငှက်ပျောသီးကြော်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ 
ငှက်ပျောသီးကြော်ဖြစ်လို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့ 
၁။ ငှက်ပျောသီး ( သီးမွှေး ) ၂။ သကြား သို့မဟုတ် ပျားရည် ၃။ ‌‌ဆီ နဲ့ ဒယ်အိုးတို့ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ef/efcaaa10da737f37b3b79274b72dd6dd554a9fee.jpg

လွယ်ကူရိုးရှင်းပြီး အာဟာရလည်း ပြည့်ဝလို့ ကလေးတွေအတွက်ပဲ လုပ်ကျွေးမလား ၊ လူကြီးမိဘတွေအတွက်ပဲ လုပ်ပေးမလား အချိန်ကုန်သက်သာစေပြီးစားလို့လည်း ကောင်းပါတယ်။ ပထမဆုံး ငှက်ပျောသီးကို အခွံနွှာထားလိုက်ပါမယ်။ အခွံနွှာပြီးတဲ့ ငှက်ပျောသီးတွေကို ဆီကင်းစင်တဲ့ အိုးမှာ ခြောက်သွားအောင် အချိန်ခဏ အပေါ်အောက် လှန်‌ပေးပါမယ်။ ပြီးရင်တော့ ပြန်ဆယ်ပြီး ဒယ်အိုးကို ဆီထည့်ပါမယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/d9/d915f1860486db37ace3afd8146c1fe05bc0bf7a.jpg

ဆီကို အများကြီး ထည့်စရာ မလိုပါဘူး။ ဆီပူလာပြီဆိုရင် အသင့်လှော်ထားတဲ့ ငှက်ပျောသီးတွေကို ဆီပူထဲ ထည့်ကြော်လိုက်ပါမယ်။ အညိုရောင်သန်းတဲ့အထိ အပေါ်အောက် လှန်ပြီး ကြော်ပေးပါမယ်။ တူးသွားမှာ စိုးလို့ပါ။ ငှက်ပျောသီးလေး‌တွေ ညိုသွားပြီဆိုရင်တော့ ဆီစစ်ပြီး စားလို့ ရပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး စားလို့ကောင်းသွားအောင် ငှက်ပျောသီးကြော်ရဲ့ အပေါ်ကနေ သကြား သို့်မဟုတ် ပျားရည်လေး စမ်းပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ အရမ်းကိုမှ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငှက်ပျောသီးကြော်ပူပူလေးကို ရသွားပြီပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/6f/6f80e0be0b2d47ab54e3166666ca127ba964c9ab.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T