ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဝက်ခြံထွက်တယ်ဆိုတာ ပုံမှန်အားဖြင့်ရှားပါးပေမဲ့ ဝက်ခြံထွက်ရတဲ့အကြောင်းရင်းကတော့ ရှိပါတယ်။ ဝက်ခြံထွက်တဲ့နေရာအလိုက် ဘာကြောင့်ထွက်လဲဆိုတာကွဲပြားခြားနားသွားပါတယ်။ အထွက်များတဲ့မေးရိုးတစ်လျှောက်နှင့်လည်ပင်းကဝက်ခြံတွေကတော့ ဟောမုန်ုးမညီမျှမှုကြောင့်ထွက်တာများပါတယ်။

ရင်ဘတ်မှာထွက်တဲ့ဝက်ခြံတွေကတော့ အဝတ်အစားကြပ်တာမျိုးဝတ်မိတဲ့အချိန်ထွက်တတ်ပါတယ်။ ဒါ့အပြင် မှိုရောဂါလိုမျိုး အသားအရေရောဂါတစ်ခုခုကြောင့်လည်းဝက်ခြံတွေပေါ်လာနိုင်ပါတယ်။ နောက်ကျောဖက်တွေမှာ ပေါက်တတ်တဲ့ဝက်ခြံတွေကလ်ည်း တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းမှုရဲ့နောက်ဆက်တွဲတွေဖြစ်နေတတ်ပါတယ်။

လက်မောင်းမှာထွက်တဲ့ဝက်ခြံတွေကတော့ ဗီတာမင်ဓာတ်ချို့တဲ့တာကြောင့်ထွက်လေ့ရှိပါတယ်။ နေရောင်ခြည်အလွန်အကျွံခံတာလိုမျိုးတွေမှာပါ လက်မောင်းဟာ အသားအရေပြဿနာတွေအလွယ်တကူပေါ်လာနိုင်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ပေါင်နှင့်ခန္ဓာကိုယ်အောက်ပိုင်းက ဝက်ခြံတွေကတော့ အများအားဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းမှုကြောင့်ပဲဖြစ်လာတာဖြစ်ပါတယ်။
