Dating Show တစ်ခုရဲ့ ပါဝင်သူနှင့် မင်္ဂလာဆောင်တော့မယ့် Ailee

//s9.kh1.co/dd/dd015f089b38bb2e645e37f082c1a2417598a648.jpg
ဖျော်ဖြေရေးများ

 ၁၄-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

Dating Show တစ်ခုရဲ့ ပါဝင်သူနှင့် မင်္ဂလာဆောင်တော့မယ့် Ailee

Ailee ဟာ နာမည်ကြီးတစ်ကိုယ်တော်အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ Hit ဖြစ်တဲ့သီချင်းတွေအများကြီးကိုလည်းထုတ်ဝေခဲ့တဲ့သူဖြစ်ပါတယ်။  ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ ကေပေါ့ရဲ့ပြိုင်ဖက်မရှိတဲ့ဘုရင်မတစ်ပါးအနေနှင့်ရပ်တည်ခဲ့တဲ့ သူမဟာ အခုဆိုရင်တော့ မင်္ဂလာဆောင်တော့မှာဖြစ်ကြောင့် အေဂျင်စီကနေတစ်ဆင့် အတည်ပြုလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=563,h=846,q=100/e2/e2d17868a7c4924e171141004d89d7d67235c24b.jpg

သူနှင့်ယူမယ့်သတို့သားဖြစ်သူကတော့ နာမည်ကြီး Dating Show ဖြစ်တဲ့ Single’s Inferno Season 1 မှာပါဝင်ခဲ့တဲ့ Choi Si Hoon ပဲဖြစ်ပါတယ်။ ချွဲဆီဟွန်းဟာရှိုးကနေတစ်ဆင့်လူသိများမှုရခဲ့ပေမဲ့ တစ်ခြားသူတွေလို ဆယ်လီတစ်ယောက်အဖြစ်မနေဘဲသူ့စီးပွားရေးကိုပဲဆက်ပြီးလုပ်ကိုင်နေခဲ့သူပါ။ သူဟာဆိုးလ်မြို့ရဲ့နာမည်ကြီးနေရာမှာ စားသောက်ဆိုင်တစ်ဆိုင်ပိုင်ထားပြီးတော့ အဲ့ဒါကိုဦးစီးပြီးလုပ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/2f/2f187780400b36ca521bc67be7a5543ef7631c0e.jpg

သူတို့နှစ်ယောက်ဟာ စေ့စပ်ထားပြီးသားဖြစ်ပြီးတော့ ဒီနှစ်အတွင်းမှာ မင်္ဂလာဆောင်နိုင်ခြေရှိပါတယ်။ အရင်ကတည်းက Ailee ဟာဆယ်လီမဟုတ်တဲ့ စီးပွားရေးသမားတစ်ယောက်နှင့်ချစ်သူဖြစ်နေတယ်ဆိုပြီးသတင်းထွက်ခဲ့ပေမဲ့ အခုချိန်မှ ဘယ်သူဖြစ်ကြောင်း အတည်ပြုထားတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T