လမ်းခွဲပြီးနောက်ပိုင်းအလွယ်ကူဆုံး Move On နိုင်ဖို့နည်းလမ်းများ

//s9.kh1.co/9c/9c33e952625e02e80829ac27d9e2385ee7e77690.jpg
MPT Lifestyle

 ၁၂-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

လမ်းခွဲပြီးနောက်ပိုင်းအလွယ်ကူဆုံး Move On နိုင်ဖို့နည်းလမ်းများ

လမ်းခွဲလိုက်ပြီးနောက် Move On နိုင်ဖို့အတွက် အရင်ဆုံး ဆက်ဆံရေးအဆုံးသတ်သွားတာကိုလက်ခံရပါမယ်။ ဒီလိုလက်ခံလိုက်ခြင်းအားဖြင့် မဖြစ်နိုင်တဲ့စိတ်ကူးနှင့်မျှော်လင့်ချက်တွေကို တားဆီးထားရာရောက်သလို ကိုယ့်ရဲ့ခံစားချက်ကိုလည်းပိုပြီးလက်တွေ့ဆန်စေမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ခံစားချက်တွေအတွက် အချိန်ပေးရပါမယ်။

https://s9.kh1.co/__image/w=563,h=376,q=100/a9/a934316d4802490cc96753b8ef73ee7b9c738b79.jpg

တစ်ယောက်တည်းမှိုင်တွေငေးမောနေတာမျိုးမလုပ်ဘဲ မိတ်ဆွေတွေ မိသားစုတွေနှင့်ပိုပြီးထိတွေ့သင့်ပါတယ်။ သူငယ်ချင်းအသစ်တွေထားတာ ဝါသနာအသစ်တွေရှာတာ စတဲ့လှုပ်ရှားမှုတွေလုပ်ရင်းအချိန်ပြည့် ကိုယ့်ခေါင်းကိုအလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ပိုဂရုစိုက်ပြီးတော့ ကိုယ့်ဆန္ဒတွေကို ဦးစားပေးလုပ်ဆောင်ရပါမယ်။

https://s9.kh1.co/__image/w=564,h=376,q=100/1e/1e39145b3772bcb6d8a7c65109e2fb39c7c65b36.jpg

 တစ်ယောက်တည်းရှိနေချိန်တွေမှာ အပြီးသတ်သွားတဲ့ဆက်ဆံရေးကိုတွေးမိသွားရင် တစ်ဖက်လူရဲ့ပြောင်းလဲသွားမှုတွေ အပြစ်တွေကိုတွေးပြီးနာတတ်အောင်လုပ်ရပါမယ််။ ဆိုရှယ်မီဒီယာအပါအဝင် ဆက်သွယ်လို့ရနိုင်တဲ့စာရင်းတွေကနေ အပြီးအပိုင်ဖျောက်လိုက်သင့်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T