ချမ်းသာကြွယ်ဝမှုအဆင့်လေးဆင့်

//s9.kh1.co/df/df65862d6970731381a5677c5f8a6a4bdd79d112.jpg
MPT Lifestyle

 ၀၂-မေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၅ ရက် က

ချမ်းသာကြွယ်ဝမှုအဆင့်လေးဆင့်

ပထမအဆင့်ကတော့ ငွေကြေးပိုင်းတည်ငြိမ်တယ်လို့ဆိုရမယ့်အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် သင်ဟာအကြွေးမရှိဘဲ ဝင်ငွေမှန်သမျှကိုအဆင်ပြေသလိုသုံးစွဲနိုင်ပါတယ်။ ဝင်ငွေနှင့်ဘေတွေပုံမှန်ပေးနိုင်တဲ့အပြင် အပိုစုဆောင်းမှုကိုပါအေးဆေးလုပ်နိုင်တဲ့အဆင့်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/ae/ae22b12b6c71dc943c2e4875d05844cdefb0ad11.jpg

ဒုတိယအဆင့်မှာတော့ သင်ဟာငွေကြေးကိုကိုယ်တိုင်ရှာစားစရာမလိုတော့ဘဲ ငွေကြေးကသင့်အတွက် အလိုအလျောက်အလုပ်လုပ်ပေးနေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ရင်းနှီးမြုပ်နှံမှုတွေပဲလုပ်ဖို့လိုအပ်နေတာဖြစ်ပြီးတော့ ငွေကြေးရဖို့အတွက် တစ်နေကုန်အချိန်ပေးပြီးလုပ်ရတာမျိုးလုပ်ဖို့မလိုအပ်တော့ပါဘူး။

https://s9.kh1.co/__image/w=650,h=759,q=100/e1/e1eb516f96e4104b2783696b1ec28ead089b9af4.jpg

တတိယအဆင့်ကြွယ်ဝတဲ့သူတွေကတော့ ငွေကြေးကိုထင်သလိုသုံးဖြုန်းနိုင်ပြီးတော့ အစာကောင်းတွေစားတာ ကြိုက်တဲ့နေရာကိုခရီးတွေပတ်သွားတာမျိုးလုပ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ ငွေကြေးကိုပူစရာမလိုတော့ပေမဲ့ ငွေကြေးအတွက်ခိုင်မာတဲ့ ဝင်ငွေတစ်ရပ်ကိုရရှိနေတဲ့လူတန်းစားတွေပါ။

https://s9.kh1.co/__image/w=650,h=1156,q=100/ec/eca38866e8d2d2d2646b4e197328b20d991be545.jpg

နောက်ဆုံးအဆင့်ကြွယ်ဝတဲ့သူတွေကတော့ ငွေကြေးကိုလုံးဝဂရုစိုက်စရာမလိုတော့တဲ့သူတွေဖြစ်ပါတယ်။ ဝင်ငွေထွက်ငွေဆိုတာမျိုးကိုလည်း စိတ်ပူဖို့မလိုတော့ဘဲ စိတ်ကြိုက်သုံးစွဲနိုင်တဲ့အဆင့်ဟာ ကြွယ်ဝမှုအဆင့်လေးဆင့်မှာ ထိပ်ဆုံးအဆင့်ဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T