မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲစာရင်းဝင်တဲ့ အဲန်လူမျိုး

//s9.kh1.co/fd/fd438f4b1dcac2db07740edeaf5de66ea389782f.jpg
MPT Lifestyle

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၈ ရက် က

မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲစာရင်းဝင်တဲ့ အဲန်လူမျိုး

အဲန်လူမျိုးတွေဟာ အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီး ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြကာ သွားမည်းမှလှတယ်လို့ ယူဆကြတဲ့သူတွေ ဖြစ်ပါတယ်။ အဲန်လူမျိုးတွေရဲ့ ရှေးကျတဲ့ နေထိုင်မှုပုံစံတွေက နိုင်ငံခြားသားခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။

သူတို့ရဲ့သွားတွေကို မည်းအောင်ဆိုပြီး မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီးသွားတွေကို အသက် (၁၂)၊ (၁၃) နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြတယ်လို့ ဆိုပါတယ် အမျိုးသား အမျိုးသမီးအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့ရိုးရာပွဲနေ့တွေမှာ ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်တွေ အမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိကြပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/74/74ce042263a34640d161d7abc9f28a7b423f6bd9.jpg

တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနဲ့ အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင် ရပ်တည်နေထိုင်ကာ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နဲ့ သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။    ရိုးရာနတ်ပူဇော်တဲ့အခါ ဗုံတီးပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲကို မကောင်းဆိုးရွားတွေ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနဲ့ ဆန်ရေစပါးပေါကြွယ်ဝကြောင်း ယုံကြည်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/07/07633793e895e0a1b19b7e0ce52c1c953e9c26e0.jpg

အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဲန်ရွာစုစုပေါင်း ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။

အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင်အုပ်စု တစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုမှာ အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့ ကျေးရွာ ခုနစ်ရွာရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ မိုင်းဖြတ်မြို့နယ်မှ လေးရွာတွေ့ရှိရပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T