မြန်မာ့ဆေးမင်ကြောင် တကယ်ပဲ ထူးခြားသော အစွမ်းသတ္တိများ ရှိသလား

//s9.kh1.co/28/288068ae282fca0aae4e1b98f2fe165bda86274a.jpg
MPT Lifestyle

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၇ ရက် က

မြန်မာတွေ ထိုးခဲ့တဲ့ ဆေးမင်ကြောင်

https://s9.kh1.co/__image/w=650,h=342,q=100/16/16a150f40c1099b01913a7fa936ffbd8e4507c29.jpg

  ကပ္ပတိန် ကော့စ်တန်တီနပ်စ်က ဆေးမင်ကြောင်များ ထိုးဖြစ်ခဲ့သည့် ဇာတ်ကြောင်းမှာ အမျိုးမျိုး ဖြစ်ပြီး တစ်ခုနှစ် တစ်ခု မတူပေ။ ဇာတ်ကြောင်းတစ်မျိုးမှာ သူသည် မြန်မာပြည်တွင် ရတနာသိုက် ရှာဖွေနေရင်း အဖမ်းခံရပြီး မြန်မာဘုရင်က အပြစ်ပေးသည့် အနေဖြင့် ဆေးမင်ကြောင်များ အပြည့် ထိုးပေးလိုက်သည်ဟု ဆိုထားပါတယ် နောက်တစ်မျိုးမှာ အာရှတိုက် အလယ်ပိုင်းတွင် ရွှေတူးနေစဥ် လူရိုင်းများက ဖမ်း၍ ဆေးမင်ကြောင်များ ထိုးကာ အပြစ်ပေးလိုက်သည်ဟု ဖော်ပြပါရှိပါတယ် ဆေးမင်ကြောင် ထိုးရာတွင် လူလေးဦးက သူ့ကို ချုပ်ထားက ၃ လကြာအောင် နေ့တိုင်း ထိုးပေးသည်ဟု ဆိုပါတယ် ကြော်ငြာတစ်ခုတွင် “ရက်စက်ကြမ်းကြုတ်လှပြီး လက်စားချေလိုစိတ်ကြောင့် တဆတ်ဆတ် တုန်နေသော အသားပြင်ပေါ်သို့ အချက်ပေါင်း ၇,၀၀၀,၀၀၀ ကျော် တဖြည်းဖြည်းချင်း ညှင်းဆဲကာ ထိုးပေးခဲ့သည်။” ဟု ရေးသားထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/27/275baea50960bfdd7bbd2d3873451224e6e90abd.jpg

အမှန်တကယ်တွင်မူ သူ၏ ဆေးမင်ကြောင်များသည် မြန်မာ့ရိုးရာ အကာအကွယ် ဖြစ်စေသည့် အစီအရင် ဆေးမင်ကြောင်များ ဖြစ်ပြီး ပြစ်ဒဏ်ပေးကာ ထိုးခံရခြင်း မဖြစ်နိုင်ပေ။ မြန်မာ့ရိုးရာ ဆေးမင်ကြောင်များသည် မြွေပြီးသည်၊ ကျည်ပြီးသည်၊ ဓါးပြီးသည်၊ မကောင်းဆိုးဝါးနှင့် ရောဂါဘယ ပြီးသည် စသည်ဖြင့် ထူးခြားသော အစွမ်းသတ္တိများ ရှိသည်ဟု ယုံကြည်ကြပါတယ် ကပ္ပတိန် ကော့စ်တန်တီနပ်စ်က ဆေးမင်ကြောင် အထိုးခံရန် ဆရာတစ်ဦးဦးထံ အပ်နှံခြင်းသာ ဖြစ်နိုင်ပြီး အနောက်နိုင်ငံ အစိုးရများက အရှေ့တိုင်းမှ နိုင်ငံများကို ကျူးကျော်သိမ်းပိုက်နေသည့် ခေတ်ကာလတွင် အနောက်တိုင်းမှ ပွဲကြည့်ပရိသတ်များအား အရှေ့တိုင်းမှ ရက်စက်ကြမ်းကြုတ်သော ဘုရင်များ၊ လူရိုင်းများ အကြောင်း စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဖန်တီးပြောဆိုခြင်းသာ ဖြစ်နိုင်သည်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T