ကမ်းခြေသွားမယ့်ကောင်မလေးတွေအတွက် အလွယ်ကူဆုံးနှင့်ဖက်ရှင်ကျတဲ့ ဆံပင်ပုံစံများ

//s9.kh1.co/ef/ef62aa2792b96bb03f97b39406fb980cee74c465.jpg
MPT Lifestyle

 ၂၃-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

ကမ်းခြေသွားမယ့်ကောင်မလေးတွေအတွက် အလွယ်ကူဆုံးနှင့်ဖက်ရှင်ကျတဲ့ ဆံပင်ပုံစံများ

https://s9.kh1.co/__image/w=564,h=689,q=100/87/875f79e61bd8da92cc33a768db8f5481c7927eb8.jpg

ဦးထုပ်ဆောင်းထားရင်း ဆံပင်တွေကို နှစ်ဖက်ပွပွစည်းတာကလည်း ကလေးဆန်တဲ့ပုံရိပ်လေးဖြစ်စေပြီးတော့ ချစ်စရာကောင်းစေပါတယ်။ ဆံပင်တွေရှုပ်ပွနေသလိုဖြစ်ပေမဲ့ ကမ်းခြေအငွေ့အသက်လေးဖြစ်စေတဲ့ဆံပင်ပုံစံဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=612,q=100/16/16fd302d93df97d312b0de55d48c1eb8a4ff154c.jpg

ကမ်းခြေသဲသောင်ပြင်တွေပေါ်မှာ အမိုက်စားပုံတွေရိုက်တော့မယ်ဆိုရင် ဒီလိုဆံပင်စည်းတာကိုလည်းမမေ့သင့်ပါဘူး။ ဆံပင်ကိုဖွပြီတော့ လက်ကိုင်ပဝါတစ်ထည်နှင့်စည်းထားခြင်းကအတော်လေးမိန်းမဆန်တဲ့အသွင်အပြင်ဖြစ်စေပြီးတော့ ကမ်းခြေနှင့်လိုက်ဖက်နေပါတယ်။ 

https://s9.kh1.co/__image/w=563,h=601,q=100/3f/3f01573e1a1dfe92684ed2fa4aa8cac6c5f77537.jpg

လက်ကိုင်ပဝါကိုသုံးပြီးတော့ ဆံပင်တွေရှေ့မကျလာအောင် ဖန်တီးထားတဲ့ဒီလိုပုံကလည်း ကမ်းခြေဆံပင်ဒီဇိုင်းလို့တောင်ပြောနိုင်တဲ့ပုံစံတစ်မျိုးပါ။ 

https://s9.kh1.co/__image/w=564,h=705,q=100/cd/cd3756546245f6c0ae3969a99e3b61bb2d145b74.jpg

ပဝါကိုဆံပင်တွေထိန်းဖို့မဟုတ်ဘဲ မေးစေ့မှာတင်ချည်တဲ့ဒီလိုဒီဇိုင်းကလည်း ဆံပင်တွေကိုရှင်းစေသလို တစ်ပြိုင်တည်းမှာ ကမ်းခြေအငွေ့အသက်တွေပြည့်ဝနေတဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=827,q=100/4d/4d7bdbd7cb8c9b5c84430b444423b5fa67e9cbc1.jpg

ဆံပင်နှစ်ဖက်ခွဲကျစ်ခြင်းကလည်း ရေပန်းစားတဲ့စတိုင်တစ်ခုဖြစ်ပါတယ်။ အများစုဟာ ဒီလိုဆံပင်ပုံစံကို ရိုးရှင်းပြီးတော့လုပ်ရလွယ်ကူတာကြောင့် အပန်းဖြေခရီးထွက်တဲ့အချိန်တွေမှာ လုပ်ကြလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဆံပင်ပုံစံဟာ ကမ်းခြေ Outfit တော်တော်များများနှင့်လည်းလိုက်ဖက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/06/06dc41918cedbb49e24ca7a8fe7726b9ed5d4998.jpg

ဆံပင်တွေကိုအပြောင်သိမ်းပြီး ကလစ်နှင့်ညှပ်ထားတာ ဒါမှမဟုတ် စည်းပြီးထုံးထားတာမျိုးကလည်း အလုပ်များကြတဲ့စတိုင်တစ်မျိုးဖြစ်ပါတယ်။ ဆံပင်ကိုတကူးတကမပြင်ချင်တဲ့သူတွေလုပ်တတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T