မြန်မာနိုင်ငံထဲက ဂျိန်ဖော့လူမျိုးအနွယ်ဝင် ဒူးလင်းလူမျိုး

//s9.kh1.co/e6/e621420f7796ecc0fbecc49a24e303c11449003b.jpg
MPT Lifestyle

 ၂၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်နှစ် က

မြန်မာနိုင်ငံထဲက ဂျိန်ဖော့လူမျိုးအနွယ်ဝင် ဒူးလင်းလူမျိုး

ဒူးလင်းလူမျိုးတို့ဟာ ဂျိန်ဖော့လူမျိုးတို့နှင့် အမျိုးတူအနွယ်တူပင် ဖြစ်ပါတယ် တိဗက်-မြန်မာအစုဝင် ကချင်အစုခွဲတွင် ပါဝင်ပါသေးတယ် သူနေထိုင်ရာဒေသမှာ မေခနှင့် မေလိခမြစ်နှစ်သွယ်ဆုံရာ တြိဂံနယ်၏ မြောက်ဘက်စွန်းတွင် တည်ရှိနေပါတယ်မေလိခမြစ်လက်တက်ဖြစ်သော ရှမ်းခ (ခေါ်) နမ့်တဆန်မြစ်ဝှမ်း တစ်လျှောက်  မလိခမြစ်ဝဲဘက်ကမ်းမှ ကုန်းထူစခန်းသို့ တိုင်အောင်း  ဒူးလင်းရွာကလေးများ အနှံ့အပြား တည်ရှိကြပါတယ် ရွာဟုဆိုရသော်ငြားလည်း တချို့ရွာကလေးများ၌ အိမ်ခြေပေါင်း သုံးအိမ်၊ လေးအိမ်မျှသာ ရှိပါတယ် များသောအားဖြင့် ၁၀ အိမ်ခန့်မျှသာရှိသော ရွာကလေးများဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/dc/dc778d5729c24e693a4ef9239198e7ec41885281.jpg

ဒူးလင်းလူမျိုးတို့ဟာ အသွင်အပြင်၊ ဝတ်စားပုံ၊ အိမ်ဆောက်ပုံ၊ ဓလေ့ထုံးစံ စသည်များဟာ ကချင်လူမျိုးတို့ပုံစံ အတူတူပင်ဖြစ်ပါတယ်  ခခူးဂျိန်ဖော့၊ သို့မဟုတ် မြစ်ဖျားဒေသနေ ဂျိန်ဖော့၊ အညာသားကချင်များဟု ခေါ်တွင်ကြပါတယ် ဂျိန်ဖော့စကားကိုသာ ပြောဆိုကြပါတယ် သို့သော် အောက်ပိုင်းရှိ မြစ်ကြီးနား ဂျိန်ဖော့တို့နှင့် လေယူလေသိမ်း မတူ။ စကားဝဲပါတယ် ဒူးလင်းလူမျိုးတို့၏ ဝတ်ပုံ၊ ဆင်ယင်ပုံသည်လည်း ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်ပုံနှင့် အတန်ငယ်တူပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/8b/8be542d45bfaa26f73e9c159122344f0e12df58e.jpg

ရှေးအခါက ဒူးလင်းတို့ဟာ ပန်းပဲလုပ်ငန်းနှင့် နာမည်ကျော်ကြားကြပါတယ် ရှမ်းခမြစ်ဖျား၏ တောင်ခြေတွင် သံရိုင်းထွက်ပါတယ် ဒူးလင်းတို့ဟာ ထိုသံရိုင်းကို ကျို၍ ကျောက်တူနှင့် ထုကာ ဓားလုပ်လေ့ရှိကြပါတယ် ထိုဓားများက ရှေးအခါက အတော်နာမည်ကြီးခဲ့ကြပါတယ် ဒူးလင်းလူမျိုးတချို့မှာ ခရစ်ယာန် အယူဝါဒ သက်ဝင်သူများ ဖြစ်ကြပြီး နတ်ကိုးကွယ်မှုလည်းရှိကြပါတယ် ဒူးလင်းလူမျိုးတို့အနေဖြင့် အသုဘကို အခမ်းအနားပွဲပေး၍ သင်္ဂြိုဟ်လေ့ရှိကြပါတယ် တစ်ခါတစ်ရံ ရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများကို စောင့်၍ လူစုံမှ ပွဲပေးကြလေရာ အသုဘကို နှစ်လ၊ သုံးလကြာထားပြီးမှ သင်္ဂြိုဟ်ခြင်း ပြုကြတယ်လို့ သိရပါတယ်

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T