ငွေကြေးစီမံခန့်ခွဲခြင်းဟာ လူငယ်တွေအတွက်တော့ခက်ခဲတဲ့ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ ငွေကြေးနှင့်ပတ်သက်ပြီး အမှားအများဆုံးကတော့ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ နာမည်ကောင်းရချင်ရုံသက်သက်နှင့် ဇိမ်ခံပစ္စည်းတွေ ခေတ်ပေါ်ပစ္စည်းတွေကို လိုက်ဝယ်တာဖြစ်ပါတယ်။ ဒီလိုဝယ်ယူခြင်းဟာ ငွေကြေးကုန်ကျမှုကိုသိသာစေတဲ့အပြင် မလိုအပ်ဘဲဖြုန်းတီးမှုကိုလည်းဖြစ်စေပါတယ်။

သေးငယ်တဲ့ပမာဏဆိုရင်တောင် ငွေကြေးတစ်စုံတစ်ရာစုဆောင်းထားခြင်းမရှိတာကလည်း ငွေကြေးပိုင်းအတွက်မကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ပမာဏကိုအဓိကမထားဘဲ ငွေကြေးကို စုဆောင်းတတ်တဲ့အလေ့အကျင့်ရှိဖို့လိုအပ်ပါတယ်။ ဝင်ငွေရဲ့ပမာဏတစ်ခုကို တိတိကျကျစုဆောင်းထားခြင်းဟာ ငွေကြေးစီမံခန့်ခွဲမှုတွေအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

အနာဂတ်အတွက် ငွေကြေးနှင့်သက်ဆိုင်တဲ့အစီအစဥ်တွေမရှိတာကလည်း လူငယ်တွေမှားလေ့ရှိတဲ့အကြောင်းအရာပါ။ ပုံမှန်အားဖြင့် လူငယ်အများစုဟာ မိဘတွေကိုပဲ မှီခိုလွန်းတာကြောင့် ငွေကြေးပိုင်းဆိုင်ရာမှာ ကိုယ်တိုင်ရေရှည်အတွက် တွေးတောပြီးတော့အစီအစဥ်ချတာမျိုးမလုပ်တတ်ကြပါဘူး။ ဒါဟာအသက်ရလာတာနှင့်အမျှ ဒုက္ခပေးလာနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်။
