သူငယ်ချင်းတွေကြားမှာ ပြဿနာဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ နားလည်မှုလွဲမှားခြင်းဖြစ်ပါတယ်။ နားလည်မှုလွဲသွားတာကို အချိန်မီမပြင်ဆင်နိုင်တာ ဒါမှမဟုတ် အချိန်မီမဖြေရှင်းနိုင်တာဟာ ကြီးမားတဲ့ ပြဿာနာတွေကိုဖြစ်စေနိုင်ပါတယ်။ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာနှင့် သစ္စာဖောက်ခံရတယ်လို့ခံစားရခြင်းတွေဟာလည်း သူငယ်ချင်းဆက်ဆံရေးကို လုံးဝပျက်သုဥ်းသွားစေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။
အချင်းချင်းကြားမှာ မနာလိုမှုဝင်ရောက်လာပြီးတော့ ယှဥ်ပြိုင်မှုတွေဖြစ်လာတာကလည်း ပြဿနာတွေကိုသယ်ဆောင်လာပေးပါတယ်။ ကောင်းမွန်တဲ့ယှဥ်ပြိုင်မှုတွေဟာ သူငယ်ချင်းဆက်ဆံရေးကိုအားပေးကောင်းအားပေးနိုင်ပေမဲ့ မနာလိုမှုတွေနှင့်စတင်တဲ့ယှဥ်ပြိုင်မှုတွေဟာ ကောင်းမွန်တဲ့အကျိုးရလာဒ်တွေကိုဖြစ်လာစေမှာမဟုတ်ပါဘူး။
အချင်းချင်းကြားမှာ မတူညီမှုတွေရှိတာဟာ ပြဿနာမဟုတ်ပေမဲ့ ဦးစားပေးအရာတွေကွာခြားလွန်းနေရင်လည်း ပေါင်းသင်းဆက်ဆံရေးကိုအများကြီးထိခိုက်လာစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ စည်းတွေနှင့်ပတ်သက်ပြီးအမြင်မတူညီမှုဟာ ပြဿနာအကြီးကြီးတွေကို ဖြစ်လာစေနိုင်ပါတယ်။