ဝက်သားကို ကြော် ၊ ချက် ၊သုပ် စားရတာ ရိုးနေပြီလား

//s9.kh1.co/94/94ad2248742d143e1a6b72a4c6fae7de90ba56e0.jpg
MPT Lifestyle

 ၁၂-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၈ ရက် က

ဝက်သားကို ကြော် ၊ ချက် ၊သုပ် စားရတာ ရိုးနေပြီလား

ဝက်သားကို ကြော် ၊ ချက် ၊ သုပ်ပဲ ‌စားရတာ ရိုးနေပြီလား

ဒါဆိုရင်တော့ အချိန် ၃၀ မိနစ်ပဲပေးရတဲ့ လွယ်ကူရိုးရှင်းတဲ့ ဝက်သားပေါင်းလေးကို တစ်ခါလောက် လုပ်စားကြည့်ရအောင်

ဝက်သားပေါင်းလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

၁။ ကြိတ်ထားတဲ့ ဝက်သား

၂။ ဆား၊ အသားမှုန့် ၊ ငရုတ်ကောင်း

၃။ ပြောင်းဖူးမှုန့် ၊ ပဲငံပြာရည်

၄။ ကြက်သွန်ဖြူ ၊ ဂျင်း

၅။ ဟင်းပေါင်းအိုး

၆။ ကြက်သွန်မိတ် ၊ သံလွင်ဆီ တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး အသင့်ဝယ်လာတဲ့ ဝက်သားကြိတ်သားကို ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါမယ်။ ဆား ၊ အသားမှုန့် ၊ ငရုတ်ကောင်း ကို လိုအပ်သလောက် အချိုးအဆ ညီညီ ထည့်ပါမယ်။ ကြက်သွန်ဖြူ နဲ့ ဂျင်းကို တပြားရိုက်ပြီး နုတ်နုတ်စင်းပါမယ်။ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ဂျင်းကို အသားပန်းကန်ထဲ ထည့်လိုက်ပါမယ်။ ပြောင်းဖူးမှုန့် အနည်းငယ် ထည့်ပါမယ်။ ပြီးရင်တော့ လက်အိတ်စွတ်ပြီး အကုန်လုံးကို အရသာနှံ့အောင် ရောမွှေပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/9e/9e1c26ec03b844a09f08bec469946b3ac275c809.jpg

ဟင်းပေါင်းအိုးကို မီးဖွင့်ထားပါမယ်။ အငွေ့ထွက်ပြီး ဆူလာပြီဆိုရင်တော့ ‌အရသာနယ်ထားတဲ့ ဝက်သားကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အိုးပေါ်ကို တင်လိုက်ပါမယ်။ မွှေးသွားအောင် နဲ့ မကပ်အောင် သံလွင်ဆီ အနည်းငယ် ပန်းကန်ပတ်ပတ်လည်ကို ထည့်လိုက်ပါမယ်။ အရသာပိုရှိသွားအောင် ပဲငံပြာရည် အနည်းငယ်လေးလည်း ထည့်လိုက်ပါမယ်။ ပြီးရင်တော့ အဖုံးအုပ်ပြီး ၁၂ မိနစ်ဝန်းကျင် ပေါင်းထားလိုက်ပါမယ်။ ၁၂ မိနစ်ကြာပြီဆိုရင်တော့ အဖုံးဖွင့်ပြီး အသားကို ခရင်းလေးနဲ့ ထိုးကြည့်ပါမယ်။ အသားကျက်သွားပြီဆိုရင်တော့ ပေါင်းအိုးကို မီးပိတ်ပြီး ခဏထား ထားပါမယ်။ ပြီးရင်တော့ အဝတ်တစ်ခုနဲ့ ကိုင်ပြီး အပြင်ကို ထုတ်လိုက်ပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7b/7b49414f8686be8887e498390d240642d8bc1e66.jpg

ဒါဆိုရင်တော့ အရမ်းကို စားလို့ကောင်းပြီး နူးညံ့နေတဲ့ ဝက်သားပေါင်းလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ၀ိတ်တက်မှာစိုးလို့ ဆီပြန်ဟင်းလည်း မစားချင်ဘူး ၊ သုပ်လည်းမစားချင်ဘူး ဆိုတဲ့ ပျိုမေတို့အတွက် လွယ်ကူရိုးရှင်းတဲ့ ဝက်သားပေါင်းလေးကို ရိုးရိုးအိုးနဲ့လည်း ပေါင်းလို့ရတာကြောင့် စားကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T