လက်မှုပညာနှင့်ဖန်တီးထားတဲ့ Macrame အိတ်ဒီဇိုင်းများ

//s9.kh1.co/3d/3da34868de23cd939022372dc4f29d54ff86cb39.jpg
MPT Lifestyle

 ၂၀-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၃ လ က

လက်မှုပညာနှင့်ဖန်တီးထားတဲ့ Macrame အိတ်ဒီဇိုင်းများ

https://s9.kh1.co/__image/w=650,h=867,q=100/13/13f0595836aebbbf48b21bde91d64f9147274331.jpg

သာမာန်ချည်သား Tote Bag အပေါ်မှာ ကြိုးထိုးပြီးတော့ သဘောကျသလိုပုံစံဖော်ထားတဲ့ ဒီလိုအိတ်တွေကလည်း လူငယ်တွေအကြိုက်တွေ့သလို လက်မှုရဲ့အလှကိုဖော်ပြပေးနိုင်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=902,q=100/49/4948269d96ba4e7a0b46133210dfc328bc476a39.jpg

သစ်သားအကွင်းတွေနှင့် Macrame ကြိုးအိတ်တွေရဲ့ပေါင်းစပ်မှုကလည်း အိတ်ကိုအဆင့်အတန်းရှိသွားတဲ့ပုံပေါ်စေပြီးတော့ ပိုပြီးခန့်ထည်သွားသလိုပါဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/cc/ccbbe0d71d2e21789530046b5dd36adacd64de40.jpg

ဒီလိုအဝိုင်းပုံစံနှင့် ဒီဇိုင်းဟာ အရင်ကတည်းကလူကြိုက်များတဲ့ဒီဇိုင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသက်ကြီးပုံပေါ်စေတယ်ဆိုပြီး သိပ်အသုံးမပြုကြတော့ပေမဲ့ အခုနောက်ပိုင်းမှာတော့ Retro Vibe တစ်ခုအနေနှင့် ပိုပြီးလူကြိုက်များလာပါတယ်။ 

https://s9.kh1.co/__image/w=563,h=669,q=100/63/639204a8b714ef3227a596046705f6b10c442e50.jpg

Macrame ကြိုးတွေပါဝင်ပြီးတော့ ပေါ့ပေါ့ပါးပါးသယ်ဆောင်နိုင်တဲ့ ဒီလိုအိတ်ဒီဇိုင်းကလည်း ဖက်ရှင်ရှိုးပွဲကြီးတွေမှာ တွေ့ရလေ့ရှိတတ်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ပိုခေတ်စားလာပြီးတော့ လူငယ်တွေပိုသဘောကျလာကြတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=977,q=100/c9/c90f6343ec7a6242267f8ec857b15c540d12a92a.jpg

ကြိုးတွေကို သေချာလေးခိုင်အောင်ကျစ်ပြီးဖန်တီးထားတဲ့ ဒီလိုအိတ်လေးတွေဟာ ခိုင်ခံ့မှုရှိသလို ဖက်ရှင်ကျတဲ့ အတွဲအစပ်တွေအတွက် အကောင်းဆုံးအိတ်ပုံစံလေးပါ။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T