ပန်းပွင့်ပုံလေးတွေနှင့် ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးများ

//s9.kh1.co/95/951bcf363e50633fc636c2505dc70e17d86d531a.jpg
MPT Lifestyle

 ၁၉-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပန်းပွင့်ပုံလေးတွေနှင့် ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးများ

https://s9.kh1.co/__image/w=564,h=751,q=100/41/418bd1cf4c34c414e26a66b8203c27096c9b14bd.jpg

လက်သည်းအောက်ခံအကြည်ရောင်ပေါ်မှာ အရောင်စုံပန်းပွင့်အသေးလေးတွေကိုဆွဲထားခြင်းဟာ ပန်းခင်းလေးနှင့်တူတဲ့ခံစားချက်ကိုဖြစ်စေပြီးတော့ လက်သည်းအလှကိုလည်းပိုပြီးထင်ပေါ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/09/0982c3633e900abb11ab9106507980e856d8ab68.jpg

ပန်းပွင့်တွေနှင့်အရောင်ကာလာတူတဲ့ အရောင်ကို တစ်ခြားလက်သည်းတွေမှာဆိုးခြင်းကလည်း ပန်းပွင့်ဆွဲထားတဲ့လက်သည်းတွေကိုပိုပြီးလှစေသလို အမြင်ဆန်းသွားအောင်ကူညီပေးနိုင်တဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/df/df146cac7b7e473bd46f6d8ef4c526ec1bdad36f.jpg

ပန်းပွင့်ကိုအသေးလေးတွေမဆွဲချင်ဘူးဆိုရင် အခုလိုအကြီးတွေကို လက်သည်းတိုင်းမှာမျှအောင်ဆွဲနိုင်ပါတယ်။ ဒီလိုပုံစံကလည်း ရိုးရှင်းပေမဲ့ လက်သည်းအလှကိုပိုထင်းစေပြီးတော့ ကြည့်ကောင်းစေပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/3f/3fc8b5e223a06535025c94494cd5c218553e8e85.jpg

တစ်ခြားအရောင်မျိုးစုံမပါဘဲ အဖြူနှင့်အနက်ပဲသုံးထားတဲ့ဒီဒီဇိုင်းကလည်း ရိုးရှင်းပေမဲ့ ပန်းပွင့်လေးတွေကိုပိုပုံပေါ်စေပြီးတော့ လှပတဲ့လက်တစ်စုံကိုဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/4d/4d23e7c2f4f0c0b0bfa02d7d3ddd688529d47427.jpg

ပန်းပွင့်တွေကိုအသေးလေးတွေမဆွဲဘဲ လက်သည်းတစ်ခုမှာ အပွင့်ကြီးတစ်ပွင့်စီဆွဲထားတာကလည်း လှပြီးတော့ ချစ်စရာကောင်းတဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/3e/3edbe6c073251aed3614a8f2768d84d233cbc159.jpg

ပန်းပွင့်တွေအပါအဝင် လက်သည်းကို ပြောင်အရောင်ဆိုးတာ ငွေမှုန်လိုမျိုးဖန်စီကာလာလေးတွေရောပြီးဆိုးထားတာကလည်း ကြည့်ရအဆင်ပြေစေသလို လက်သည်းအလှကိုပိုပြီးပေါ်စေပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T