ငှက်ပျောသီးအခွံဟာ Fatty Acid နှင့် Antioxidant တို့ပေါပေါများများပါဝင်တဲ့အရာဖြစ်တာကြောင့် အသားအရေအတွက်ကောင်းကျိုးတွေအများကြီးဖြစ်စေပါတယ်။ အထူးသဖြင့် ငှက်ပျောခွံဟာ ဝက်ခြံလိုမျိုးအသားအရေပြဿနာတွေကြောင့် ကျန်နေခဲ့တဲ့ အမာရွတ်တွေ ချိုင့်ခွက်တွေကို ပြန်သက်သာလာစေနိုင်ပါတယ်။

ငှက်ပျောခွံကို သန့်စင်ထားတဲ့အသားအရေပေါ်မှာ ဆယ်မိနစ်ကြာဖွဖွလေးပွတ်တိုက်ပေးရပါမယ်။ ဒီလိုတိုက်တဲ့နေရာမှာ ဝက်ခြံဖြစ်နေတဲ့အချိန်တွေမှာမလုပ်ဘဲ ဝက်ခြံတွေပိန်သွားပြီးအနာသက်သာနေချိန်မှာ လုပ်ရမှာပါ။ ပွတ်တိုက်နေတဲ့ အပိုင်းအစကညိုးသွားပြီဆိုရင် တစ်ခြားအသစ်နှင့်ပြောင်းပြီးတော့ မိနစ်သုံးဆယ်လောက်မျက်နှာကိုလိမ်းပေးရပါမယ်။ ငှက်ပျောခွံအကုန်သုံးပြီးနောက်မှာ မိနစ်နှစ်ဆယ်လောက်မျက်နှာထဲကို စိမ့်ဝင်သွားအောင်ထားလိုက်ပြီးနောက်မှာ ရေဆေးချလိုက်ရပါမယ်။

ဒီနည်းလမ်းကို တစ်ရက်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် တစ်ပတ်အတွင်းမှာတင်အမာရွတ်တွေသိသိသာသာပါးသွားနိုင်ပါတယ်။ ပိုပြီးထိရောက်ချင်တယ်ဆိုရင် ဂျိုဂျိုဘာအဆီကိုပါပေါင်းပြီးတော့ အတူအသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းဟာနာမည်ကြီး အလှအပဘလော့ဂါတွေကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်ကြတဲ့နည်းလမ်းဖြစ်တာကြောင့် ငွေကြေးကုန်ကျမှာစိတ်ပူနေသူတွေ စမ်းကြည့်သင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
