ကြွပ်ကြွပ်ရွရွဝက်သားလိပ်ကော်ပြန့်ကြော် လုပ်စားကြည့်ရအောင်

//s9.kh1.co/32/3279e88fb2a2f6d6726bb4665441c4107d14fef4.jpg
MPT Lifestyle

 ၀၃-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၄ လ က

ကြွပ်ကြွပ်ရွရွဝက်သားလိပ်ကော်ပြန့်ကြော် လုပ်စားကြည့်ရအောင်

မိဘဆွေမျိုးတွေကို လုပ်ကျွေးချင်တာပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေစုဖွဲ့ မုန့်လုပ်စားတဲ့အခါမှာ အဆာပြေစားချင်တာပဲဖြစ်ဖြစ် အရမ်းကို စားလို့ကောင်းတဲ့ ကြွပ်ကြွပ်ရွရွဝက်သားလိပ်‌ကော်ပြန့်ကြော်လေး လုပ်စားကြည့်ရအောင်နော်။

ဝက်သားလိပ်ကော်ပြန့်ကြော်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

၁။ နုတ်နုတ်စင်းထားတဲ့ ဝက်သား

၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ကြက်သွန်မိတ် ၊ ဥနီ အနည်းငယ်

၃။ ကော်ပြန့်ရွက်

၄။ ဆီ ၊ ဆား ၊ အသားမှုန့် ၊ ငရုတ်ကောင်း တို့ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ea/eacd0466683e0e41dd5e5563687065a30b05524c.jpg

အရင်ဆုံး နုတ်နုတ်စင်းထားတဲ့ ဝက်သားကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း ၊ ကြက်သွန်မိတ် ၊ ဥနီတို့နဲ့ ရောနယ်ပါမယ်။ ဆား ၊ အသားမှုန့် နဲ့ ငရုတ်ကောင်း တို့ကို မိမိနှစ်သက်သလို ချိန်ဆထည့်ပါမယ်။ ပြီးရင် အရသာနှံ့စပ်အောင် သေချာမွှေနယ်ပါမယ်။ နယ်နေတဲ့အချိန် တစ်ဖက်မှာ ဆီကို ဒယ်အိုးထဲထည့်ပြီး ဆူပွတ်အောင် တည်ထားပါမယ်။ အစာပလာတွေနဲ့ အရသာနယ်ထားတဲ့ ဝက်သားကို အသင့်ရှိတဲ့ ကော်ပြန့်ရွက်ထဲကို အရှည်လိုက်လေး ထည့်လိုက်ပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/01/019db60aa13347a2846f9c5e20af763e95d36d1b.jpg

ပြီးတာနဲ့ ကော်ပြန့်ရွက်ကို အ‌သားမပေါ်တော့အောင် လိပ်ပြီး ဆူပွတ်နေတဲ့ ဆီအိုးထဲကို ထည့်ကြော်လိုက်မှာပဲ ဖြစ်ပါတယ်။ အပေါ်က ကော်ပြန့်ရွက်လေး အညိုရောင်သမ်းပြီး ကြွပ်လာပြီဆိုရင်တော့ အရမ်းကိုစားလို့ကောင်းတဲ့ ဝက်သားလိပ်ကော်ပြန့်ကြော် လေးရရှိသွားပြီပဲ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူပြီး အရမ်းကို စားလို့ကောင်းတာမို့ တစ်ခါလောက်တော့ လုပ်စားကြည့်ကြပါနော်။ 

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T