အတူဒိတ်နေတဲ့အချိန် တစ်ဖက်လူသဘောကျသွားစေနိုင်မယ့်နည်းလမ်းများ

//s9.kh1.co/96/96eb240cecbc4cb55ba2e60e0d8faf3f8c18544c.jpg
MPT Lifestyle

 ၀၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၇ ရက် က

အတူဒိတ်နေတဲ့အချိန် တစ်ဖက်လူသဘောကျသွားစေနိုင်မယ့်နည်းလမ်းများ

ဒိတ်လုပ်နေတဲ့အချိန် တစ်ဖက်လူက ကိုယ့်ကို လုံးဝသဘောကျသွားစေဖို့အတွက် အဝတ်အစားကလည်းအရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။ တစ်ဖက်လူငေးသွားလောက်တဲ့အထိ လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုမျိုးရှိဖို့လိုအပ်ပါတယ်။ အနံ့အသက်တွေဟာလည်း အရေးကြီးတာကြောင့် တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့အနံ့ဖြစ်ဖို့ ရေမွှေးကိုသေချာရွေးချယ်ဖို့လိုပါတယ်။ 

https://s9.kh1.co/__image/w=564,h=741,q=100/5d/5d1425765e4e398e564c2d786b867bcc97efa8c0.jpg

တွေ့တဲ့အချိန် စကားပြောရင်း အကြည့်ချင်းဆုံပေးတာကလည်းအရေးကြီးပါတယ်။ ဒီလိုအကြည့်ချင်းဆုံပေးတာဟာ တစ်ဖက်လူကိုသဘောကျနေကြောင်း တိုက်ရိုက်ဖော်ပြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြတာ သူပြောတဲ့ဟာသတွေကို စိတ်လိုလက်ရရီပေးတာကလည်း တစ်ဖက်လူကိုအာရုံစိုက်နေကြောင်း သိသာစေတဲ့အပြုအမူတွေဖြစ်တာကြောင့် မကြာခဏလုပ်ပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/0f/0fd4eedd24bc9f9f51707601687776aa09922e61.jpg

 ဒါ့အပြင် သင့်တော်တဲ့အကြောင်းပြချက်လေးတွေရှာပြီး သူ့ကိုသွားထိတာမျိုးလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ အလွန်အကျွံကိုယ်ရေးကိုယ်တာဆန်တဲ့မေးခွန်းတွေမဟုတ်ဘဲ သူ့အကြောင်းသိချင်နေကြောင်းသိသာတဲ့မေးခွန်းလေးတွေမေးပေးတာမျိုးလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့တစ်ကယ်ကောင်းမွန်တဲ့အချက်တွေကို ရှာပြီးတော့ ချီးကျုးပေးတာမျိုးလည်းလုပ်ပေးဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=554,q=100/0c/0c365cb879e9fe93f2c13966386fc1518c844efe.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T