အချစ်ကိုဖော်ပြနိုင်မယ့် Love Languages များ

//s9.kh1.co/6d/6df1a0cd9abd2421530e069c7b3987d484918158.jpg
MPT Lifestyle

 ၀၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၄ လ က

အချစ်ကိုဖော်ပြနိုင်မယ့် Love Languages များ

အတူတူလုပ်ဆောင်နိုင်မယ့်အချိန်တစ်ခုသီးသန့်ဖယ်ထားခြင်းဟာ  တစ်ကယ်သဘောကျတဲ့သူအတွက်ပဲလုပ်လေ့ရှိကြတဲ့အရာဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာတွေ ဒါမှမဟုတ် အသစ်အဆန်းဖြစ်တာတွေလုပ်ခြင်းဟာ မျှဝေတဲ့ခံစားချက်တွေကိုဖြစ်စေတာကြောင့် အချစ်ကိုသေချာလေးဖော်ပြပေးနိုင်တဲ့ အပြုအမူဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=768,q=100/b7/b72060997fb76ad69b0a58fd67c8ed57c5908c45.jpg

ချီးကျုးပေးတာကလည်း အချစ်ကိုဖော်ပြပေးနေတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။ နေ့စဥ်အသေးအဖွဲအကြောင်းအရာလေးတွေကနေပြီး ချီးကျုးစရာလေးတွေရှာဖွေပြီးပြောပေးခြင်းဟာ တစ်ဖက်လူကိုအလေးထားဂရုစိုက်ပုံပေါ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုမှုပေးနိုင်ခြင်းနှင့် စိတ်ဓာတ်ပိုင်းကိုအားဖြစ်စေခြင်းကလည်း အချစ်ကိုသိသာစေတဲ့ဘာသာစကားတွေပါ။ 

https://s9.kh1.co/__image/w=563,h=650,q=100/65/6526c9378ac2765ec3791d806c9af33163d4fddf.jpg

ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေကလည်း အချစ်ကိုထိထိရောက်ရောက်ဖော်ပြနိုင်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ သင့်တော်တဲ့အချိန်မှာ လိုအပ်တဲ့ငွေကြေးအကူအညီပေးခြင်းဟာ ဆက်ဆံရေးကိုပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ ဉာဏ်ပညာပိုင်းဆိုင်ရာမှာပါ ကောင်းမွန်တဲ့အကြံတွေပေးတာ လမ်းညွှန်ချက်တွေပေးတာမျိုးကလည်း အချစ်ကိုဖော်ပြနိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/60/608bd36b0cb7255b3625eda5eed50bb29cb59563.jpg

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကလည်း အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ နူးညံ့တဲ့ထိတွေ့မှုတွေဟာ တစ်ဖက်လူကိုအချစ်ခံရတယ်ဆိုတဲ့လုံခြုံစိတ်ချမှုကိုပေးနိုင်ပါတယ်။ ဒါ့အပြင် လက်တွေ့အလုပ်တွေကို ကူညီပေးခြင်းကလည်း အချစ်ကိုသေချာလေးဖော်ပြပေးတဲ့ ဘာသာစကားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ဖက်လူလုပ်နေကျဖြစ်တဲ့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတာမျိုးဟာ အချစ်ကိုသေချာပေါက်ခံစားမိစေနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T