လူတိုင်းအတွက် အချစ်ဦးဟာ ဘယ်လိုမှမမေ့နိုင်တဲ့အမှတ်တရဖြစ်လေ့ရှိပါတယ်။ ချစ်နေသေးတာမဟုတ်ဘဲ အမှတ်တရတွေကိုဘယ်လိုမှမမေ့နိုင်ဖြစ်ကြလေ့ရှိတဲ့ အချစ်ဦးကိုမမေ့ရခြင်းဟာ ပြင်းထန်တဲ့ခံစားမှုတွေရှိခဲ့ဖြင်းကြောင့်လို့ဆိုနိုင်ပါတယ်။ အချစ်နှင့်စတင်ထိတွေ့ချိန်ဖြစ်တာကြောင့် ပထမဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်ကိုမေ့ပစ်ဖို့မလွယ်ကူပါဘူး။ ဒီခံစားချက်ကိုစတင်ဖြစ်လာစေခဲ့သူကိုလည်း မေ့နိုင်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။

ငယ်သေးတဲ့အချိန်ဖြစ်တာကြောင့် အချစ်ဦးဟာကိုယ့်ရဲ့ငယ်ဘဝအတိတ်အမှတ်တရတွေနှင့်အတူယှဥ်တွဲပါနေမှာသေချာပါတယ်။ ဒါကြောင့် အိမ်လွမ်းချိန် ငယ်ဘဝကိုသတိရချိန်တွေမှာ အချစ်ဦးကိုပါအလိုလိုသတိရမိသွားတတ်ကြတာဖြစ်ပါတယ်။ အချစ်နှင့်ပတ်သက်တဲ့အကြောင်းအရာတွေ ဆက်ဆံရေးတွေအကုန်လုံးကို အချစ်ဦးကနေပဲရရှိကြလေ့ရှိတာကြောင့် လွယ်လွယ်မေ့ဖျောက်ဖို့ခက်ခဲပါတယ်။

အချစ်ဦးဇာတ်လမ်းတွေအကုန်လုံးနီးပါးဟာ အမြဲတမ်းလိုလိုပျော်ရွှင်တဲ့အဆုံးသတ်မရှိပါဘူး။ ရှင်းလင်းတဲ့လမ်းခွဲမှုလည်းမရှိတတ်တာကြောင့် မဖြေရှင်းရသေးတဲ့အကြောင်းအရာတွေကျန်နေသလိုမျိုးခံစားစေပါတယ်။ ဒီခံစားချက်ကြောင့်လည်းလူတွေဟာ အချစ်ဦးကိုတော်ရုံမမေ့နိုင်ဘဲ တမ်းတသတိရနေကြတာဖြစ်ပါတယ်။
