ဖောက်ပြန်သူတွေပြောလေ့ရှိတဲ့စကားများ

//s9.kh1.co/87/87813b2c4da1b9ea8a6c6ce2aa988f095b5d18dc.jpg
MPT Lifestyle

 ၃၀-မတ်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

ဖောက်ပြန်သူတွေပြောလေ့ရှိတဲ့စကားများ

(၁) ဒါကဘာအဓိပ္ပါယ်မှမရှိပါဘူး

ဖောက်ပြန်သူတွေဟာ သူတို့မကောင်းမှုတွေကို ပါတနာဖြစ်သူကသိသွားတာနှင့် ဒီဖောက်ပြန်မှုဟာဘာအဓိပ္ပါယ်မှမရှိတဲ့ကိစ္စဟာဖြစ်ကြောင်း အရင် ဆင်ခြေပေးတတ်ကြပါတယ်။

(၂) ငါ့ကိုမယုံဘူးလား

သူဖောက်ပြန်နေကြောင်း သက်သေအထောက်အထားမပြသေးဘူးဆိုရင် ဒီစကားတစ်ခွန်းနှင့်ပဲ နစ်နာသူကိုတောင်မှ ကျုးလွန်သူဖြစ်သွားအောင်လုပ်လေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=564,h=634,q=100/c9/c93df22a012da44e9a08c787dab243eab91528cf.jpg

(၃) ငါအဲ့လိုလုပ်ဖြစ်သွားတာ နင့်ကြောင့်ပဲ

ဒီလိုလူတွေဟာ သူတို့ဖောက်ပြန်တဲ့အပြစ်ကို တစ်ဖက်လူရဲ့အပြစ်ဖြစ်သွားအောင်ဖန်တီးကြလေ့ရှိပါတယ်။ တစ်ဖက်လူကဂရုမစိုက်လို့ဖြစ်ရတယ်ဆိုတဲ့ ပုံစံမျိုးပြောတတ်ကြပါတယ်။

(၄) အထီးကျန်နေလို့ဖြစ်သွားတာပါ

အနေဝေးတဲ့ဆက်ဆံရေးတွေမှာ ပြောကြလေ့ရှိတဲ့စကားဖြစ်ပါတယ်။ အထီးကျန်လွန်းတာကြောင့်မရည်ရွယ်ဘဲ ဖြစ်သွားတာပါ ဆိုပြီးပြောတတ်ကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=563,h=375,q=100/61/61068b96780b7fba34a8b63f9cc40806d722e870.jpg

(၅)  ဆွဲဆောင်ခံလိုက်ရတာပါ

ဒီစကားစုဟာလည်း အထူးသဖြင့်အမျိုးသားတွေပြောကြလေ့ရှိပါတယ်။ တစ်ဖက်မိန်းကလေးရဲ့အတင်းအကြပ်ဆွဲဆောင်မှုကြောင့် ဖြစ်သွားရတာပါဆိုပြီး သူတို့အပြစ်လွတ်အောင်ပြောကြလေ့ရှိပါတယ်။

(၆) ဘယ်တော့မှ ထပ်မဖြစ်တော့ပါဘူး

တစ်ခါဖောက်ပြန်ဖူးတဲ့သူတွေဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့မခက်ခဲကြပါဘူး။ ဒါကြောင့် ဖောက်ပြန်ဖူးတဲ့သူတွေအနေနှင့် နောက်ထပ်မလုပ်တော့ပါဘူးဆိုတဲ့စကားကို ခဏခဏပြောနေခြင်းဟာ ယုံကြည်ဖို့ခက်ခဲတဲ့စကားဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/a4/a47e06a730747127acd15f1ee28c70310a6ef7e2.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T