သမီးရည်းစားဆက်ဆံရေး ဒါမှမဟုတ် သူငယ်ချင်းဆက်ဆံရေးတွေမှာ သစ္စာဖောက်ခံလိုက်ရတယ်ဆိုရင် အတော်လေးကိုခံစားရခက်ပြီးတော့ ဒီဖြစ်ရပ်ကနေလွတ်မြောက်ဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ဂရုတစိုက်ကြည့်ပြီး နားလည်နိုင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဒီလိုအစောပိုင်းခံစားချက်တွေဟာ ရှုပ်ထွေးပြီးတော့ မကောင်းတဲ့စိတ်တွေများတာကြောင့် သေချာအချိန်ပေးပြီးစိတ်အေးသွားအောင်လုပ်ဖို့လိုအပ်ပါတယ်။

သစ္စာဖောက်သွားတာသေချာတယ်ဆိုရင် အတင်းလိုက်ဆက်သွယ်ပြီးအကြောင်းရင်းတွေမေးမြန်းနေတာထက် အဆက်အသွယ်ဖြတ်လိုက်ပြီး Move on လိုက်တာက ပိုပြီးထိရောက်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုဦးစားပေးပြီးတော့ တစ်ဖက်လူကိုမတွေးမိအောင် နေထိုင်ရပါမယ်။

စိတ်ခံစားချက်အဆင်မပြေဖြစ်လာရင် ယုံကြည်နိုင်တဲ့မိတ်ဆွေတစ်ယောက်ယောက်ဆီရင်ဖွင့်လိုက်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ခံစားချက်တွေကို အတော်အသင့်လျော့ပါးစေပြီးတော့ စိတ်ဖိအားတွေကိုပါ ခံစားရသက်သာသွားစေနိုင်ပါတယ်။ နောက်ဆုံးအဆင့်အနေနှင့် တစ်ဖက်လူကိုခွင့်လွှတ်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ ကိုယ့်ဖက်က အပြည့်အဝခွင့်လွှတ်လိုက်မှသာ အေးချမ်းပြီးအပြီးတိုင်မေ့ပျောက်နိုင်မှာဖြစ်တာကြောင့် အတတ်နိုင်ဆုံးခွင့်လွှတ်ဖို့ကြိုးစားသင့်ပါတယ်။
