နှစ်စဉ်ဖောင်တော်ဉီးဘုရားပွဲတော်နဲ့အတူ အင်းလေးလှေလှော်ပြိုင်ပွဲကလည်း နာမည်ကြီးထင်ရှားလှပါတယ်။ အင်းသူ၊ အင်းသားတွေရဲ့ မိဘဘိုးဘွားအမွေဖြစ်တဲ့ ခြေထောက်နဲ့လှေလှော်ခတ်ခြင်းက နိုင်ငံခြားသား ခရီးသွားတွေကြားမှာ ရေပန်းစားပြီး စိတ်ဝင်စားမှုအမြင့်ဆုံးလိုဆိုနိုင်ပါတယ်။

ရေကန်ပြင်ကြီးမှာ ရေပေါ်အိမ်များဆောက်လုပ်နေထိုင်ပြီး စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းအစရှိသဖြင့် အမှီပြုနေထိုင်ကြပါတယ်။ အင်းလေးရွာ စတင်ဖြစ်ပေါ်လာပုံကတော့ ရွာလေးရွာကိုအမှတ်ပြုပြီး အင်း ၄ ဟုစတင်သတ်မှတ်ခဲ့ကြတာပါ။ အဲဒီနောက်မှာမှ အင်းလေးဆိုပြီး ဆင့်ကဲပြောင်းလဲခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

အင်းလေးကန်ကြီးထဲ လှေကိုခြေထောက်နဲ့ လှော်ခတ်သူများကို လက်ညှိးထိုးမလွဲတွေ့နိုင်ပြီး အကြိမ်ကြိမ်အခါခါ ပြန်အလည်သွားချင်မိတဲ့ မြန်မာတိုရဲ့ အသည်းစွဲဒေသဖြစ်ပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့အတူ အေးမြမြလေအေးတွေနဲ့အတူ အင်းလေးရေပေါ်စေ◌ျးက အစားအသောက်များကလည်း လာရောက်လည်ပတ်သူတွေကို မပြန်ချင်အောင် ဖမ်းစားနေသလားထင်မှတ်ရတဲ့ထိ စိတ်ကြည်နူးစရာ ပေးစွမ်းနေပါတယ်။