Flare Pant တွေနှင့် တွဲဝတ်ဖို့ဒီဇိုင်းများ

//s9.kh1.co/93/93149e74cd27b727b357e9c40b5a8bd17315f570.jpg
MPT Lifestyle

 ၁၅-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Flare Pant တွေနှင့် တွဲဝတ်ဖို့ဒီဇိုင်းများ

https://s9.kh1.co/__image/w=564,h=850,q=100/e1/e18123fd10f98adfb44a739cdfb56920bc35c225.jpg

အောက်ကားဘောင်းဘီလို့အသိများကြတဲ့ ဒီလိုဘောင်းဘီတွေကို ခေါင်းလောင်းလက်ပါတဲ့အင်္ကျီတွေနှင့်တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ လိုက်ဖက်မယ်လို့မထင်ရပေမဲ့ ဒီလိုတွဲဖက်မှုဟာ အရင်ခေတ်တွေကတည်းကရှိခဲ့တာဖြစ်ပြီး တွဲဖက်ဝတ်ဆင်လိုက်ရင် အဆင်ပြေတဲ့ပုံစံဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=1127,q=100/94/94338d33e66705800af7c55cef77db05d2e5c19b.jpg

Off- Shoulder အင်္ကျီတွေနှင့် ဒီလိုဘောင်းဘီတွေဟာတစ်ကယ်ကိုလိုက်ဖက်တဲ့အတွဲအစပ်တစ်ခုဖြစ်ပါတယ်။ လူငယ်ဆန်တဲ့အပြင် တည်ငြိမ်တဲ့အသွင်အပြင်ကိုပါတစ်ပြိုင်တည်းပေးနိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/20/2031ed82ea9b386b975f3949382478b59193c698.jpg

တီရှပ်လေးတွေနှင့် တွဲဖက်ခြင်းကလည်း ထူးခြားတဲ့ ဖက်ရှင်တစ်ခုကိုဖြစ်စေပါတယ်။ ဒီဖက်ရှင်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းနားလောက်မှာ အတော်လေးရေပန်းစားသွားပြီးတော့ အနုပညာရှင်တွေတောင်မှ အများကြီးဝတ်ဆင်ခဲ့ကြတဲ့ပုံစံဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=349,h=523,q=100/dd/dd3bf0a7572ecf9eb9071dccee7ca833b4008367.jpg

Vest နှင့် Flared Pant ရဲ့ပေါင်းစပ်မှုကလည်း ဖက်ရှင်ကိုသဘောကျသူတိုင်း သဘောကျမယ့်အတွဲအစပ်ဖြစ်ပါတယ်။ Vest ကိုတစ်ထပ်ခံဝတ်ထားနိုင်တဲ့အပြင် Vest အတိုင်းပဲဝတ်ထားရင်လည်း အဆင်ပြေနေမယ့်ဒီဇိုင်းဖြစ်ပါတယ်။ လူလတ်ပိုင်းအမျိုးသမီးတွေအများစုဝတ်ဆင်ကြတဲ့ဖက်ရှင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=1116,q=100/e2/e24d3427cb50d1bfa156ede33316a8bc5a0b2c7e.jpg

Crop Top တွေနှင့်တွဲဖက်ဝတ်ဆင်တာကလည်း လူငယ်ဆန်တဲ့အသွင်အပြင်ကိုရစေပါတယ်။ ဒီဇိုင်းအမျိုးမျိုးရှိပေမဲ့ Crop Top တိုင်းဟာ Flared Pant နှင့်တွဲဖက်ဝတ်ဆင်ဖို့အဆင်ပြေတဲ့ဖက်ရှင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=760,q=100/e2/e2828d2b2d966fe226666c67f74a034d791a85dd.jpg

ဆွယ်တာအပွတွေနှင့် တွဲဝတ်တာကလည်း အတော်လေးတည်ငြိမ်ပြီး ဖက်ရှင်ကျတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ ဒီလိုဖက်ရှင်ကိုတော့ သက်လတ်ပိုင်းအမျိုးသမီးအများစုအဝတ်များကြပြီးတော့ လူငယ်တွေကြားမှာလည်း ဝတ်ဆင်ကြလေ့ရှိတဲ့ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T