ယဉ်ကျေးမှုရိုးရာ အမွေအနှစ်တွေများစွာရှိတဲ့ ချစ်စရာမြန်မာနိုင်ငံမှာ ရိုးရာအကပေါင်းများစွာလည်း စုံလင်စွာရှိလိုနေပါတယ်။ ဒီထဲကမှ ရှမ်းရိုးရာအကတွေမှာ မပါမဖြစ်တဲ့ တိုးနယားအကလည်း ပါဝင်နေပါတယ်။ ရှမ်းအိုးစည်သံ “မောင်..မောင်” တီးလို တိုးနယားအရုပ်ထဲကို လူနှစ်ဉီးဝင်ကာ စည်းချက်ညီညီကရတာမျိုးပါ။

ရှမ်းလူမျိုးတိုရဲ အထွဋ်အမြတ်ထားရာ အကဖြစ်ပြီး များသောအားဖြင့် သီတင်းကျွတ်မှာ ကကြတာများပါတယ်။ဘုရားပင့်ရာမှာ ကတာမျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ ရှမ်းယဉ်ကျေးမှုကို တန်ဖိုးထားပြသတဲ့ အနေနဲ့ ရိုးရာပွဲတော်တွေမှာပါ ကပြဖျော်ဖြေကြပါတယ်။ တိုးနယားကရာမှာ စည်းချက်သံကလည်း အရေးကြီးပြီး ဒေသအလိုက် အသံအနှေး၊ အမြန်ကွာခြားတာမျိုးတွေတော့ရှိနိုင်ပါတယ်။

အိမ်တက်အခမ်းအနားတွေမှာ တိုးနယား အက ကရင် မင်္ဂလာတက်စေတယ်လိုလည်း ယုံကြည်ထားကြပါတယ်။ တိုးနယားမကခင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေလည်းရှိပြီး အရေးကြီးဆုံးကတော့ မကခင် တိုးနယားရုပ်ကို ဉီးသုံးကြိမ်ချကန်တော့ရပါတယ်။ တိုးနယားရုပ်ကို ခွကျော်ခြင်း၊ မလေးမစားပြုလုပ်ခြင်းတွေကို မလုပ်မိဖို အရေးကြီးပါတယ်။ အမျိုးသမီးတွေကခွင့်မရှိတဲ့ တားမြစ်ချက်ကလည်း တိုးနယားအကရဲ့ တားမြစ်ချက်တစ်ခုပဲဖြစ်ပါတော့တယ်။