ရှောက်သီးငပိထောင်းနည်းလေးကို ဖော်ပြသွားမှာ ဖြစ်ပါတယ် သွေးတိုးရှိတဲ့သူလည်း စားလို့ရတယ်။ဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးလဲခံတယ် အလုပ်သွားရတဲ့သူတွေတစ်ပတ်စာထောင်းထားရင်ထမင်းမြိန်မြိန်စားလို့ရတယ်

လိုအပ်တာတွေကတော့ ငပိကောင်းကောင်း ၁၀ သား ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ (မွှေးအောင်လှော်ထားပါ ကြက်သွန်ဖြူဗမာဥ ၅လုံး အချိုမှုန့်အနည်းငယ်ဆားအနည်းငယ် ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး
ငပိကိုမွှေးရုံလေးမီးကင်ပါ တူးသွားရင်ခါးတတ်ပါတယ် ငရုတ်သီးစိမ်းလဲမွှေးအောင်လှော်ပါ ကြက်သွန်ဖြူလဲလှော်ပါ ငရုတ်သီး၊ကြက်သွန်ဖြူက်ုမညက်တညက်ထောင်းပြီးရင် ငပိပါအချိုမှုန့်အနည်းငယ်နဲ့ထောင်းပြီးမှရှောက်သီးကိုအခွံခွာပြီးအဖတ်ကလေးများမျှင်ပါ

ဆားအနည်းငယ်နှင့်နယ်ပြီးငပိထဲထည့်ထောင်းပါ ရှောက်သီးဖတ်တွေကြေမသွားစေရ ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးထားစားလို့ရပါတယ် ရေခဲသေတ္တာထဲထားရင်ပိုကောင်းပေမယ့်ဒီအတိုင်းအခန်းအပူချိန်မှာဆီမြှုပ်အောင်ထည့်ပြီးထားလဲအရသာမပြောင်းပါဘူး ထမင်းမြိန်စေတာလဲအမှန်ပါပဲနော် အရေးကြီးတာလေးတခုကျန်ခဲ့တယ်ငပိဖုတ်ထားတာကိုအပူအတိုင်းထည့်ထောင်းရင်ရှောက်သီးကခါးသွားတတ်ပါတယ်






