ပထမဦးစွာရေသန့် တစ်ဝက်နှင့် နနွင်းမှူန့်အနည်းငယ်ထည့်၍ ဆူပွက်အောင်တည်ထားပါ..ပြီးပါက ငါးသလောက်ဥကိုဆေးကြောသန့်စင်ပြီး ထည့်ပြုတ်ပါ။

ငါးဥများ အကြောတင်းပြီးကျက်လာပါက မီးပိတ်ပြီးဆယ်ယူထားပါ ခရမ်းချဉ်သီး ကိုဆေးကြောပြီးခပ်ပါးပါးလှီးထားပါ ဒုတိယအဆင့်အနေနဲ့ ငရုပ်ပုရေစိမ် အစေ့ထုတ်ပြီး ကြက်သွန်ဖြူနီတို့နှင့်ရောထောင်းထားပါ ချက်မည့်အိုးကိုအပူပေး၍ ဆီထည့်ပါ ဆီပူလာပါက ငရုပ်အနှစ်များဆီသတ်ပါ။ ဆားနှင့်ဟတ်ခတ်မှူန့် ထည့်ပါ ခရမ်းချဉ်သီးထည့်၍အနှစ်ကျသည်ထိမွှေပေးပြီး ပြုတ်ထားသော ငါးဥများထည့်ပါ။

သမအောင်အနည်းငယ်မွှေပေးပြီး ရေ တခွက်ထပ်ထည့်ပါ ရေခန်းဆီပြန်လာသည်ထိထားပြီး နံနံပင်အုပ်ကာ မီးပိတ်သုံးဆောင်နိုင်ပါပြီး
ပါဝင်တဲ့ အရာတွေကတော့ ငါးသလောက်ဥ.. ၂၀သား
ငရုပ်ပု…၂ကျပ်သား ကြက်သွန်နီ..၅ကျပ်သား ကြက်သွန်ဖြူ..အမွှာကြီး၄မွှာ
နနွင်းမှုန့်.. လက်ဖက်စားဇွန်း၁ဇွန်း ဆား..ထမင်းစားဇွန်းဝက် ဟင်းခတ်မှူန့်.. လက်ဖက်ဇွန်း ၁ဇွန်း
ရေသန့်…1လီတာ မြေပဲဆီ ..၅ကျပ်သား နံနံပင်…၅ပင် ခရမ်းချဉ်သီး.. ၁၀သား ဖြစ်ပါတယ်