ချစ်စရာကောင်းပြီး စမတ်ကျတဲ့ Suit ဝတ်စုံဒီဇိုင်းများ

//s9.kh1.co/6e/6e3f17da1354ca24940168dd325c471be52b08f1.jpg
MPT Lifestyle

 ၁၁-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

ချစ်စရာကောင်းပြီး စမတ်ကျတဲ့ ဝတ်စုံဒီဇိုင်းများ

https://s9.kh1.co/__image/w=564,h=752,q=100/2f/2f390201166290987f65e20ae45ffa010513bdcb.jpg

လုပ်ငန်းခွင်အတွင်းမှာသာမက တစ်ခြားနေရာတွေမှာပါ ဝတ်ဆင်နိုင်တဲ့ဒီဝတ်စုံဟာ မိန်းကလေးတော်တော်များများနှင့်လိုက်ဖက်ပါတယ်။ မီနီစကပ်ဖြစ်ပေမဲ့ ဘလေဇာကုတ်အကြီးနှင့်တွဲဝတ်လိုက်တာကြောင့် အမြင်ရိုင်းပုံမပေါ်ဘဲ လန်းဆန်းတဲ့အသွင်အပြင်ကိုဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=993,q=100/4c/4c90b2854724cece756fb44948510cc55e8b8b43.jpg

တင်းနစ်စကပ်လို့ ဆိုကြတဲ့ စကပ်အကားလေးတွေကလည်း ကလေးဆန်ပုံပေါ်စေပေမဲ့ သေချာတွဲဖက်ဝတ်ဆင်လိုက်ရင် အခုလိုမျိုး တည်ကြည်တဲ့ပုံစံလေးဖြစ်လာစေနိုင်ပါတယ်။ လူလတ်ပိုင်းအမျိုးသမီးတွေဝတ်ရင်တောင် အဆင်ပြေစေမယ့်ဒီဇိုင်းမျိုးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/cb/cba04f4212ae38bfbf924703856845dc88cd96d0.jpg

ဘလေဇာကုတ်အပွကြီးတွေမဟုတ်ဘဲ ပုံစံမျိုးကွက်တိချုပ်ထားတဲ့ ကုတ်တွေကလည်းအခုနောက်ပိုင်းမှာ ပိုခေတ်စားလာပြီးတော့ လူငယ်တွေပိုသဘောကျလာတဲ့ဝတ်စုံတွေဖြစ်ပါတယ်။ စကပ်နှင့်ဘောင်းဘီကိုတွဲဖက်ပြီးပေါင်းချုပ်ထားတဲ့စကပ်တွေကလည်း လုံခြုံမှုရှိသလို လှလည်းလှတာကြောင့်လူကြိုက်များတဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/c9/c9df1b4c67deeb14e3ee688ec7060dbf73bee888.jpg

ဘလေဇာကုတ်တွေကို ဘောင်းဘီတိုနှင့်တွဲဖက်ဝတ်ဆင်တာကလည်း ပုံမှန်အားဖြင့် လူငယ်ပိုင်းတွေပဲဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီပုံစံကို လုပ်ငန်းခွင်အတွင်းပေါ့ပေါ့ပါးပါးဝတ်ချင်တဲ့အမျိုးသမီးတွေလည်း ဝတ်ဆင်ကြလေ့ရှိပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T