လူတွေ အိမ်ထောင်မပြုချင်ရတော့တဲ့အကြောင်းရင်းများ

//s9.kh1.co/4a/4a9d505ca3b501dde1120f32eeab428380b9fd17.jpg
MPT Lifestyle

 ၁၁-မတ်-၂၀၂၄ ၉am · လွန်ခဲ့သော တစ်နှစ် က

လူတွေ အိမ်ထောင်မပြုချင်ရတော့တဲ့အကြောင်းရင်းများ

အခုခေတ်ကာလမှာဆိုရင် လူတွေဟာ အိမ်ထောင်ပြုခြင်းကို မလိုအပ်တဲ့ကိစ္စတစ်ခုအနေနှင့်သတ်မှတ်လာကြပြီးတော့ လူငယ်အများစုဟာအိမ်ထောင်ပြုဖို့စိတ်ကူးမရှိကြတော့ပါဘူး။ ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကတော့ အိမ်ထောင်ပြုခြင်းထက်မိတ်ဆွေတွေနှင့် အချိန်ဖြုန်းတာက ပိုပြီးကောင်းမွန်တယ်လို့ခံစားလာကြလို့ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/89/89fc8116d3cf9d6142d66ec0b12c04dadbf072a5.png

အထူးသဖြင့် အမျိုးသမီးတွေဟာ အိမ်ထောင်သားမွေးလုပ်ရတာကို စိတ်ကုန်လာပြီးတော့ တစ်ကိုယ်တည်းအေးဆေးနေချင်လာကြတာကြောင့်ဖြစ်ပါတယ်။အသက်ကြီးလာလေ အိမ်ထောင်ပြုခြင်းဟာ ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာပြီးတော့ အိမ်ထောင်ပြုလိုက်ရင် လုပ်ဆောင်လာရမယ့်တာဝန်ယူမှု တာဝန်ခံမှုတွေကိုမလုပ်ချင်ကြတော့ပါဘူး။ 

https://s9.kh1.co/__image/w=650,h=650,q=100/38/38b92ed57be846383e632e75ebb117733f1f1801.webp

တစ်ဖက်လူကို လုံးဝယုံကြည်အားထားလိုက်တာမျိုး မလုပ်နိုင်တာကြောင့် ဖြစ်တတ်သလို ယုံကြည်အားကိုးရမယ့်သူကိုရှာမတွေ့သေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အတိတ်ကဆက်ဆံရေးနှင့်ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေကလည်း ဒီလိုတစ်ကိုယ်တည်းဘဝကိုပဲဆက်နေထိုင်ဖို့တွန်းအားပေးတာဖြစ်နိုင်ပါတယ်။  တစ်ချို့သူတွေကတော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးရတာမလောင်ငှလို့ အေးဆေးနေချင်တာကြောင့် အိမ်ထောင်ပြုခြင်းကို ရှောင်ကြတာမျိုးလည်းရှိပါတယ်။

https://s9.kh1.co/__image/w=563,h=676,q=100/67/670d63c646b4a160b4803e0d76628e49ffb6383d.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T