လေဆာနှင့်ဖျက်ခြင်းဟာ အမာရွတ်တွေကို တစ်ကြိမ်တည်းအရှင်းပျောက်သွားစေမှာမဟုတ်ပါဘူး။ အမာရွတ်အခြေအနေနှင့် အသုံးပြုတဲ့လေဆာပမာဏပေါ်မူတည်ပြီးတော့ အကြိမ်အရေအတွက်နှင့်ဈေးနှုန်းကွာခြားမှုတွေရှိနိုင်ပါတယ်။ လေဆာကုသမှုမခံယူခင်မှာ ကျွမ်းကျင်တဲ့ဆရာဝန်နှင့်တွေ့ဆုံပြီးတော့ ကုသမှုအကြောင်းကို အသေးစိတ်လေ့လာထားဖို့လည်းလိုအပ်ပါတယ်။

နေရောင်ထိတာကို အချိန်တစ်ခုအထိကာကွယ်ထားဖို့လိုအပ်သလို တစ်ခြားနေထိုင်မှုစတိုင်အပြောင်းအလဲတွေလုပ်ဖို့လည်းလိုအပ်ပါတယ်။ နေလောင်ထားတဲ့အသားအရေကိုလေဆာပစ်လို့မရတာကြောင့် ဂရုစိုက်ဖို့လိုအပ်သလို လေဆာကုသမှုအပြီးမှာ အကျိုးရလာဒ်မြန်မြန်မြင်ရဖို့အတွက် ဆေးလိပ်နှင့်အယ်လ်ကိုဟောတွေရှောင်တာမျိုးလုပ်ပေးသင့်ပါတယ်။

လေဆာကုသမှုတွေအများစုဟာ သေချာဂရုစိုက်ပေးဖို့လိုတာကြောင့် ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုသေချာလိုက်နာရမှာဖြစ်ပါတယ်။ ရေပူနှင့်ရေချိုးတာ ကလိုရင်းပါတဲ့ရေတွေနှင့် ၂၄ နာရီအတွင်းထိတွေ့တာမျိုးကိုပါ ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။
