
ကြိုးတစ်လုံးဂါဝန်ရှည်တွေနှင့် ဆွယ်တာအပေါ်ဝတ်တွေကလည်း သေချာပေါက်လိုက်ဖက်ပြီး အဆင်ပြေတဲ့အတွဲအစပ်ဖြစ်ပါတယ်။ ခရီးသွားလာရင်ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့အပြင် ထသွားထလာအတွက်ပါအဆင်ပြေတဲ့ဖက်ရှင်အတွဲအစပ်ဖြစ်ပါတယ်။

တီရှပ်နှင့်ဂျင်းစကပ်အရှည်တွေဟာလည်း လူငယ်တွေအတော်လေးသဘောကျဝတ်ဆင်ကြတဲ့ အတွဲအစပ်ဖြစ်ပါတယ်။ များသောအားဖြင့် တီရှပ်အပေါ်ကနေ လက်ရှည်အပေါ်ဝတ်ထပ်ဝတ်တာမျိုးကလည်း ဖက်ရှင်ကိုပိုလန်းဆန်းသွားသလိုဖြစ်စေပါတယ်။

Vest နှင့်အတိုလေးတွေတွဲဝတ်တာကလည်း နွေရာသီနှင့်နွေဦးတို့မှာရေပန်းစားလေ့ရှိတဲ့ဖက်ရှင်ပါ။ ပေါ့ပါးပြီးလူငယ်ဆန်တဲ့အငွေ့အသက်ကိုဖြစ်ပေါ်စေပါတယ်။

Vest နှင့် Pant ကိုတွဲဝတ်တဲ့ဒီအတွဲအစပ်ကလည်း မဝတ်ဖူးတဲ့သူမရှိဘူးလို့ဆိုရလောက်တဲ့အထိ လူကြိုက်များတဲ့အတွဲအစပ်ဖြစ်ပါတယ်။ ဒီဝတ်စုံဟာလူငယ်ဆန်ပေမဲ့ အလုပ်ခွင်မှာဝတ်ဖို့အတွက်လည်းအဆင်ပြေတာကြောင့် မိန်းကလေးတွေအဝတ်များကြတာဖြစ်ပါတယ်။

ဂျင်းနှင့် အင်္ကျီ တွေကိုတွဲဝတ်တာကလည်း ဘယ်တော့မှမရိုးသွားနိုင်တဲ့ဖက်ရှင်အတွဲအစပ်တစ်ခုပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီတွေဟာ ဘယ်လိုအင်္ကျီနှင့်မဆိုလိုက်ဖက်လေ့ရှိတာကြောင့်လူငယ်တွေကြားမှာသာမက သက်လတ်ပိုင်းအမျိုးသမီးတွေကြားမှာပါအတော်လေးနာမည်ကြီးတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။





