ရုံးပတီသီးဟာ ခန္ဓာကိုယ်မှကိုလက်စထရော ပမာဏကို လျှော့ချပေးပြီးပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်စေကာ နှလုံးကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုပါတယ်။ ဒီလိုကောင်းကျိုး တွေနဲ့ပြည့်နေတဲ့ ရုံးပတီသီးကို ဈေးမှာဈေးသက်သက်သာသာနဲ့ဝယ်ပြီး ကြက်ဥလေးနဲ့စပ်စပ်လေးကြော်စားရ အောင်ကြော်နည်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်
ပါဝင်ပစ္စည်းတွေကတော့-
ရုံးပတီသီး
ကြက်ဥ/ငရုပ်သီးစိမ်း/ကြက်သွန်ဖြူ တို့လိုအပါတယ်

ရုံးပတီသီးကို ရေစင်အောင်ဆေးပြီး ဆားရေစိမ်ကာ အနေတော်အရွယ်အစားများလှီးဖြတ်ထားပါ။ ကြက်ဥကို ပန်းကန်တစ်လုံးထဲဖောက်ထည့်ကာ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်တို့ထည့်ကာသမအောင်ခေါက်ထားပါ။ ငရုပ်သီးစိမ်းကို ရေစင်အောင်ဆေးကာ ပါးပါးသော်လည်ကောင်း၊ အချောင်းငယ်မျာသော်လည်ကောင်း လှီး ထားပါ

သမအောင်ခေါက်ထားသောကြက်ဥကို ဆီနဲနဲ့ဖြင့် အကြေကြော်ကြော်ပါ။ကြက်ဥတို့ အနေတော်ကျက်ပါက ရုံးပတီသီး၊ငရုပ်သီး၊ဆား၊အရသာမှုန့်၊ခရုဆီ အနည်းငယ်ထည့်ပြီး အထက်အောက်မွှေပေးပါ။ ရုံးပတီသီးတို့ အနေတော် အိပါက မဆလာအနည်းငယ်ထည့်ကာ မိနစ်အနည်းငယ်ခန့်အုပ်ထားပါ။ ရုံပတီသီးကြက်ဥကြော် တို့မိမိနှစ်သက်သောအနေအထားရပါက ဆယ်ယူကာသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ