အချင်းချင်းမှီခိုအားထားလို့ရတဲ့ သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူတွေအဖြစ်ပြောင်းသွားပြီဆိုရင် အရင်ဆုံးကြုံတွေ့ရမှာကတော့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူတွေဖြစ်သွားကြတာကြောင့် အရင်ကလိုမျိုးဆိုးကောင်းအတူတူတိုင်ပင်ဖို့ခက်ခဲသွားနိုင်ပါတယ်။

ဒါ့အပြင် သူငယ်ချင်းဘဝကနေချစ်သူဖြစ်သွားတာကြောင့် နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက်သေချာသိနေကြပြီးသားဖြစ်နေမှာပါ။ ဒီအချက်ဟာတစ်ခြားဆက်ဆံရေးတွေလို ဆက်ဆံရေးအစောပိုင်းမှာရင်ခုန်ရတာတွေကို ပျောက်ကွယ်သွားစေမှာဖြစ်ပါတယ်။ တစ်ယောက်အတိတ်ကို တစ်ယောက်သိထားတာကြောင့် တစ်ခါတစ်လေခံရခက်တဲ့ကိစ္စတွေ အထင်လွဲမှုတွေဖြစ်လာနိုင်ပါတယ်။

နှစ်ယောက်သားအနေနှင့် သူငယ်ချင်းလိုနေထိုင်ခဲ့တာများတာကြောင့် ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ အစောတလျင်ပြောင်းလဲလိုက်ဖို့အတွက် နေရခက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ဆက်ဆံရေးအဆင်မပြေလို့ လမ်းခွဲလိုက်ရပြီဆိုရင် ကိုယ့်အတွက်တစ်ကယ်ကောင်းမွန်တဲ့ သူငယ်ချင်းကိုပါ ဆုံးရှုံးလိုက်ရတာကလည်း မကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။






