စိတ်ဒဏ်ရာ (Trauma) အကြောင်းသိကောင်းစရာများ

//s9.kh1.co/9f/9f1c8cf30c2cd86a7ffd548724cf371ef0df0974.jpg
MPT Lifestyle

 ၂၈-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Trauma ဆိုတာဘာလဲ?

ဆိုးရွားတဲ့အတွေ့အကြုံ အဖြစ်အပျက်တွေကြောင့် စီတ်ပိုင်းဆိုင်ရာခံစားနေရတာတွေကို  Trauma ဒါမှမဟုတ် စိတ်ဒဏ်ရာလို့ခေါ်ကြပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေဟာ ငယ်ဘဝအဖြစ်အပျက်တွေ၊ အကြမ်းဖက်ခံရမှုတွေနှင့်အခြားအကြောင်းအမျိူးမျိူးကြောင့်ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ငယ်ဘဝတုန်းက အိမ်တွင်းအကြမ်းဖက်မှုနှင့် အချစ်မခံရမှုတွေကိုရင်ဆိုင်ရတဲ့ကလေးတွေဟာ ထရော်မာတွေများတဲ့ကလေးတွေဖြစ်လာလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/d6/d6f6812333175c66955102ca89ab2cb4e6b92e8f.jpg

အများစုကတော့ ဒီလိုစိတ်ဒဏ်ရာကို အသက်အရွယ်အလိုက်ကုစားသွားနိုင်ပေမဲ့  တစ်ချိူ့ကတော့ မဖြေရှင်းနိုင်တော့ဘဲ  PTSD ( Post-Traumatic Stress Disorder) လို့ခေါ်တဲ့စိတ်ဒဏ်ရာအလွန်စိတ်ကစဥ့်ကလျားဖြစ်တာအထိဖြစ်သွားနိုင်ပါတယ်။ ထရော်မာတွေဆိုတာ အလွယ်တကူပျောက်ကင်းနိုင်တဲ့အရာမဟုတ်သလို တစ်ယောက်နှင့်တစ်ယောက် တူညီတဲ့အဖြစ်အပျက်ကြုံခဲ့ရရင်တောင် တူညီတဲ့တုံ့ပြန်မှုရှိဖို့ခက်ခဲပါတယ်။ 

https://s9.kh1.co/__image/w=563,h=377,q=100/2d/2df738be3eb14e333f4377d0ae1e4cdd8a3ba18d.jpg

တစ်ချိူ့ထရော်မာတွေဟာ ကိုယ်ကိုယ်တိုင်တောင်မသိဘဲ တိုက်ဆိုင်မှုတွေကြုံလာမှထွက်ပေါ်လာတာမျိူးရှိပါတယ်။ စိတ်ဒဏ်ရာအတိမ်အနက်အလိုက် ကျွမ်းကျင်ဆရာဝန်တွေနှင့်တိုင်ပင်ဆွေးနွေးပြီး ကုသမှုတွေခံယူသင့်တဲ့ရောဂါဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=338,q=100/6e/6ec8097fc49f5332f26800ce759e9de56d5db225.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T