လူငယ်တွေအတွက် အကျိုးရှိမယ့် Relationship ဆိုင်ရာအကြံဉာဏ်များ

//s9.kh1.co/43/4370869b7fcfaf55022fe7a018f4dc6f44c78686.jpg
MPT Lifestyle

 ၂၅-ဖေ-၂၀၂၄ ၁am · လွန်ခဲ့သော ၂ နှစ် က

လူငယ်တွေအတွက် အကျိုးရှိမယ့် Relationship ဆိုင်ရာအကြံဉာဏ်များ

(၁) အချစ်ရေးကို ဘဝကြီးတစ်ခုလုံးပေးပြီးမခံစားပါနဲ့။ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဘဝကိုပါမေ့ထားလိုက်ပြီး တစ်ဖက်လူအပေါ် လုံးဝပုံအပ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။

(၂) ကောင်းမွန်ပြီးအဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လိုအပ်ပါတယ်။ ဒီလိုချစ်တတ်မှသာ ဆက်ဆံရေးတစ်ခုတည်ဆောက်လာတဲ့အခါ အဆင်ပြေတဲ့အနေအထားရောက်လာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/f5/f5cce74e4d550dcde38dfa3aa731fd136b006532.png

(၃) ကိုယ့်အတွက် လိုအပ်တဲ့သူကို ကိုယ့်ဖက်ကနေအလောတကြီးရှာဖွေတာမျိုးမလုပ်ပါနဲ့။ အချစ်ကိုလိုက်ရှာမယ့်အစား ကိုယ့်ဆီကိုသေချာပေါက်ရောက်လာမယ့်အချစ်ကိုပဲ အဆင်သင့်ပြင်ထားရင်းစောင့်နေဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=751,q=100/4c/4c1d66efd501dbf7a0491fcab5b27ee415489e7b.png

(၄) ဆက်ဆံရေးတစ်ခုကို စတင်တော့မယ်ဆိုရင် ပျော်ရွှင်မှုပေးနိုင်တဲ့ အကြောင်းပြချက်ရှိမှပဲစတင်သင့်ပါတယ်။ ကိုယ့်ဖက်ကနေ အဆင်သင့်မဖြစ်သေးခင်မှာ တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်မိခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေကိုပဲဖြစ်ပေါ်လာစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/3d/3da62403cd89f46c80cd0920b743a39357e91518.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T