Scrub အသုံးပြုခြင်းဟာ အသားအရေကိုဘာအကျိုးတွေဖြစ်စေတာကြောင့် လုပ်သင့်တာလဲ ဆိုတာကိုဖော်ပြပေးသွားပါမယ်။ လူတွေရဲ့အသားအရေဟာ အပေါ်ယံဆဲလ်သေတွေပိတ်နေတာကြောင့် အသားအရေညစ်တာနွမ်းတာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်တိုက်ပေးမယ်ဆိုရင် ဆဲလ်သေတွေကိုအလွယ်တကူဖယ်ရှားနိုင်ပြီးတော့ နုပျိုတဲ့အသားအရေကိုပြန်ရလာနိုင်ပါတယ်။

ဒါ့အပြင် ဆဲလ်သေတွေကြောင့် ကိုယ်လိမ်းလိုက်တဲ့ လိုးရှင်းတွေ အစိုဓာတ်ဖြည့်ပစ္စည်းတွေဟာ ထင်သလောက်အာနိသင်မပြတာမျိုးဖြစ်တတ်ပါတယ်။ Scrub ကိုပုံမှန်သုံးစွဲပေးမယ်ဆိုရင် သုံးသမျှပစ္စည်းတွေရဲ့အာနိသင်ကိုပိုပြီးမြင်လာနိုင်မှာဖြစ်ပါတယ်။ အမာရွတ်နှင့်အမဲစက်တွေကိုလည်း ပိုပြီးပါးလာစေနိုင်ပါတယ်။

အပေါ်ယံဆဲလ်သေတွေကြောင့် ကြမ်းတမ်းနေတဲ့ အသားအရေဟာပိုမိုနူးညံလာပြီးတော့ ချောမွေ့လာမှာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အသားအရေလိုမျိုးရှုံ့တွတာပျော့တွဲတာမျိုးမဖြစ်တော့ဘဲ တင်းတင်းရင်းရင်းလေးနှင့်လှနေမှာဖြစ်ပါတယ်။






