မိန်းကလေးတွေရဲ့ လက်ကိုင်အိတ်မှာမဖြစ်မနေထည့်ထားသင့်တဲ့အသုံးအဆောင်ပစ္စည်းများ

//s9.kh1.co/1b/1ba5f0366155e84493a221b8735e787c300fca76.jpg
MPT Lifestyle

 ၂၁-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

မိန်းကလေးတွေရဲ့ လက်ကိုင်အိတ်မှာမဖြစ်မနေထည့်ထားသင့်တဲ့အသုံးအဆောင်ပစ္စည်းများ

(၁) ဆံပင်စည်းကွင်း နှင့် ဆံပင်စည်းဖို့အဆင်ပြေတဲ့ အဆင်တန်ဆာတစ်ခုခုကိုမဖြစ်မနေလိုအပ်ပါတယ်။ ဆံပင်ရှည်တဲ့မိန်းကလေးတွေအနေနှင့် ဆံပင်သိမ်းဖို့လိုအပ်တဲ့အခြေအနေဖြစ်လာနိုင်တာကြောင့် ဆံပင်စည်းကွင်းနှင့်ကလစ်တွေကိုဆောင်ထားသင့်ပါတယ်။

(၂) နှုတ်ခမ်းနီနှင့်ပေါင်ဒါလိုမျိုး အရေးပေါ်မိတ်ကပ်ပြင်လို့ရနိုင်မယ့် ပစ္စည်းတွေကိုလည်း အိတ်ထဲထည့်ထားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/2d/2dd69c75f3767541345fab48be54b9d7ba5cf9eb.jpg

(၃) သန့်ရှင်းရေးနှင့် တစ်ခြားကိစ္စရပ်တွေအတွက် ရုတ်တရက်အသုံးလိုလာနိုင်တဲ့ တစ်ရှူးတွေကိုလည်း အမြဲဆောင်ထားသင့်တဲ့ပစ္စည်းတွေထဲမှာထည့်ထားနိုင်ပါတယ်။

(၄)  ဖုန်းအားသွင်းကြိုးကလည်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနှင့်ထည့်ထားသင့်တဲ့ပစ္စည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/6a/6aca14bc34457c96107504b0beebf4c8fa7b9d22.jpg

(၅) ခံတွင်းအနံ့ရှင်းအောင်ကူညီပေးနိုင်တဲ့ ပီကေနှင့် ခံတွင်းသန့်ဆေးဘူးလိုမျိုးတွေကို ဆောင်ထားခြင်းကလည်း အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့အဆင်ပြေစေမှာဖြစ်ပါတယ်။

(၆) မှန်အသေးလေးဆောင်ထားခြင်းကလည်း မိန်းကလေးတွေအတွက်မမေ့သင့်တဲ့အရာပါ။ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကိုဂရုစိုက်ပေးနိုင်တာကြောင့် ဆောင်ထားသင့်ပါတယ်။

https://s9.kh1.co/__image/w=640,h=1137,q=100/dd/dd437ea5dbf279001b5934da39b96997eb3c1a2b.jpg

(၇) ချိုချဥ် ဒါမှမဟုတ် ဘီစကစ်လိုမျိုး အဆာပြေစားစရာတစ်ခုခုကိုထည့်ထားခြင်းကလည်း အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားသင့်တဲ့အရာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T