အများနှင့်နေတဲ့အချိန် အဆင်ပြေစေဖို့ချမှတ်ထားသင့်အရာများ

//s9.kh1.co/f7/f7654bd0ae94398c78485c0b9a22f3586135ee87.jpg
MPT Lifestyle

 ၂၁-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၅ လ က

အများနှင့်နေတဲ့အချိန် အဆင်ပြေစေဖို့ချမှတ်ထားသင့်တဲ့အရာများ

စည်းကမ်းတွေသတ်မှတ်ထားပါ။ စည်းမျဥ်းစည်းကမ်းတွေဟာ လူအများနှင့်နေထိုင်ရတဲ့အချိန် အလိုအပ်ဆုံးအရာဖြစ်တာကြောင့် အတူနေထိုင်တဲ့အချိန်လိုက်နာရမယ့်အရာတွေကိုသတ်မှတ်ထားသင့်ပါတယ်။ ပစ္စည်းတွေနှင့်အသုံးအဆောင်တွေကို အတူတူမျှဝေသုံးစွဲမယ့်အရာနှင့်သီးသန့်သုံးမယ့်အရာတွေကို သေချာခွဲခြားထားပြီး အတူနေထိုင်သူတွေကိုလည်းသေချာပြောပြထားသင့်ပါတယ်။

https://s9.kh1.co/__image/w=625,h=833,q=100/08/083590c31b1371505feea4e97e7eb65c2ef912f9.png

အတူနေအိမ်သန့်ရှင်းရေးအပါအဝင် သန့်ရှင်းနှင့်ချက်ပြုတ်ရေးကိစ္စလိုမျိုးအကြောင်းအရာတွေအတွက် အချိန်ဇယားတွေသေချာဆွဲထားပြီးလုပ်သင့်ပါတယ်။ အခန်းသီးသန့်ခွဲနေတယ်ဆိုရင် တစ်ယောက်အခန်းကိုမဝင်ခင် တံခါးခေါက်ဖို့  ဧည့်သည်ခေါ်လာဖြစ်ရင်ကြိုပြောထားဖို့ စတဲ့အခြေခံကျတဲ့အကြောင်းအရာတွေကိုပြောထားသင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=413,q=100/43/43b402d58b90ff379fae058a6423194c85246dac.jpg

နောက်ဆုံးတစ်ချက်ကတော့ ဆူညံသံတွေပါပဲ။လူအများနှင့်နေတဲ့အချိန် ဆူညံသံတွေဟာ အဓိကပြဿနာတက်ရတဲ့အကြောင်းအရင်းဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဆူညံသံတွေလွန်လွန်ကျုးကျုးဖြစ်လာရင် ထိပ်တိုက်ပြောသင့်ပေမဲ့ ပြဿနာမရှည်စေဘဲ နားကြပ်သုံးလိုက်တာ တစ်ခါတစ်လေမှပဲဖြစ်တတ်တာမျိုးဆို နားလည်ပေးလိုက်တာကလည်း အဆင်ပြေတဲ့နည်းလမ်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/0e/0e2ab52122b246b368d8a5bfb5e858ade750a4ef.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T