LDRS ဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းမလဲ

//s9.kh1.co/18/18da1c8263f85cb03915221f022f25a83faaab95.jpg
MPT Lifestyle

 ၂၁-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၅ လ က

LDRS ဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းမလဲ

အနေဝေးတဲ့ချစ်သူစုံတွဲတွေကြားမှာ အဓိကကျတာဟာဆက်သွယ်မှုပဲဖြစ်ပါတယ်။ လူချင်းမတွေ့နိုင်တဲ့ အခြေအနေမှာ ဖုန်းခေါ်တာ ဗီဒီယိုခေါ်ပြောတာတွေအတွက် အချိန်တစ်ခုသတ်မှတ်ပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ နေ့စဥ်ဘဝအကြောင်းအရာလေးတွေကို ပြောပြခြင်းက တစ်ယောက်နှင့်တစ်ယောက်နီးကပ်တဲ့ခံစားချက်တွေဖြစ်လာစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=738,q=100/ae/ae2275545976951f3a5f13b8c0f6c385025a692d.png

ဒါ့အပြင် ဒီဆက်ဆံရေးအတွက်တိကျတဲ့ပန်းတိုင်တွေသတ်မှတ်ထားပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ ဘယ်အချိန်မှာ တွေ့ကြမယ်ဆိုပြီးသတ်မှတ်ထားပြီးတော့ နှစ်ဖက်စလုံးကအဲ့အခြေအနေရောက်အောင်ကြိုးစားခြင်းက ပိုပြီးကောင်းမွန်တဲ့အတွေ့အကြုံတွေကိုဖြစ်စေနိုင်ပါတယ်။  ယုံကြည်မှုနှင့်လေးစားမှုက ဆက်ဆံရေးရဲ့အခြေခံအကြောင်းတရားတွေဖြစ်တာကြောင့် ဒီအခြေခံအချက်တွေကိုထိန်းသိမ်းဖို့ကြိုးစားသင့်ပါတယ်။

https://s9.kh1.co/__image/w=540,h=719,q=100/4c/4c36f2447c17a5e31ae8a332258014249f3908b4.jpg

အတူတူအနီးကပ်ရှိနေရတာကအရေးကြီးပေမဲ့ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် အနေနီးတာကလည်း အကြောင်းပြချက်တစ်ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် အနေဝေးတဲ့ဆက်ဆံရေးမှာ တစ်ယောက်ကိုတစ်ယောက်အားပေးကူညီရင်း နားလည်မှုရှိမယ်ဆိုရင် အဆင်ပြေတဲ့ဆက်ဆံရေးကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/05/055c7616985c800ada86695d550594193c568938.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T