အတန်းဖော်တွေနှင့်ရင်းနှီးအောင် ဘယ်လိုလုပ်မလဲ

//s9.kh1.co/d2/d2ff9dff40196a0c677d0b5594a46d928cb79339.jpg
MPT Lifestyle

 ၂၁-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၅ လ က

အတန်းဖော်တွေနှင့်ရင်းနှီးအောင် ဘယ်လိုလုပ်မလဲ

(၁) ဖော်ရွေမှုရှိခြင်းက ရင်းနှီးဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ကအရင်စတင်ပြီးတော့ စကားသွားပြောတာမျိုး မိတ်ဆက်တာမျိုးလုပ်မယ်ဆို လွယ်လွယ်ကူကူရင်းနှီးလာနိုင်ပါတယ်။

(၂) အတန်းဖော်တွေကို စိတ်ဝင်စားကြောင်းအမူအယာတွေကနေတစ်ဆင့်ပြသပါ။  သူတို့ရဲ့ဝါသနာတွေမေးတာ ဒါမှမဟုတ် သူတို့ပြောတဲ့အကြောင်းအရာတွေကို စိတ်ပါလက်ပါနားထောင်ပေးတာမျိုးလုပ်ခြင်းက သူတို့အနေနှင့် ကိုယ့်ကိုခင်မင်လာဖို့အကူအညီဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/4e/4e7b4808b10dff522a7f9d3cd98351c5e9d0b77a.png

(၃) အဖွဲ့လိုက်လုပ်ဆောင်မှုတွေရှိတဲ့အခါ ခိုကပ်တာမျိုးမလုပ်ဘဲ တက်တက်ကြွကြွပါဝင်လုပ်ဆောင်သင့်ပါတယ်။ တာဝန်အသီးသီးခွဲဝေတဲ့အခါမှာလည်း ကိုယ့်တာဝန်ကိုကျေပွန်အောင်လုပ်တာမျိုးက အမြင်ကောင်းဖြစ်စေပြီးတော့ ရင်းနှီးလွယ်စေမှာပါ။

(၄) အခန်းတွင်းကလူတိုင်းကို လေးစားမှုရှိပြီးတော့ အကူအညီပေးတတ်တဲ့သူတစ်ယောက်ဖြစ်နေရင် ရင်းနှီးဖို့အချိန်ကြာမှာမဟုတ်ပါဘူး။ အတန်းတွင်းလုပ်ဆောင်မှုတွေအကုန်လုံးမှာပါဝင်ပြီးတော့ ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ထားကိုပြသပေးရပါမယ်။

https://s9.kh1.co/__image/w=564,h=564,q=100/65/65b0b2fd274665918ed5224dd18512a9e1d354dd.jpg

(၅) တစ်ယောက်နှင့်စတင်ရင်းနှီးလာပြီဆိုရင် အဲ့ကနေတစ်ဆင့် တစ်ခြားအတန်းဖော်တွေကိုပါ ဆက်စပ်ပြီးတော့ ရင်းနှီးအောင်လုပ်သင့်ပါတယ်။ အထူးသဖြင့် သတိထားရမယ့်အကြောင်းအရာကတော့ ကိုယ်နှင့်ခင်မင်တဲ့သူတွေအကြောင်းကို မကောင်းပြောတာမျိုးမလုပ်ဖို့ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=423,q=100/b8/b8a52ade0df4ce8ae0d2b7098427a92e2ea8a103.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T