(၁) တစ်ကယ့်ကိုယ့်ကိုဂရုစိုက်ပေးတဲ့ သူငယ်ချင်းဟာပုံမှန်အဆက်အသွယ်လုပ်လေ့ရှိပါတယ်။ အကြောင်းအရင်းမရှိပျောက်ကွယ်သွားတာမျိုးမလုပ်ဘဲ အဆက်အသွယ်အမြဲရှိနေဖို့ကြိုးစားတတ်ကြပါတယ်။
(၂) သင့်အတွက်စိတ်ညစ်စရာအခြေအနေလိုမျိုး အခက်အခဲကြုံလာရတဲ့အချိန်တွေမှာဆို ရှေ့ထွက်ပြီးကူညီတတ်သူတွေပါ။ သူတို့အနေနှင့် တစ်ခြားအချိန်တွေမှာ အဆက်အသွယ်သိပ်မလုပ်ရင်တောင် သင်အခက်အခဲကြုံနေရတယ်ဆို သေချာပေါက်ဆက်သွယ်လာပြီး သင့်ကိုအားပေးနေကြမှာဖြစ်ပါတယ်။

(၃) သင့်အောင်မြင်မှုတွေကို စိတ်ရင်းနှင့်သဘောကျပေးပြီး ပျော်နေပေးတတ်တဲ့သူတွေကလည်း တစ်ကယ့်သူငယ်ချင်းကောင်းတွေပါပဲ။ များသောအားဖြင့် ပုံမှန်သူငယ်ချင်းတွေဟာသင့်ရဲ့အောင်မြင်မှုကို အပေါ်ယံပဲဂုဏ်ပြုပေးပေမဲ့ တစ်ကယ့်သူငယ်ချင်းကောင်းကတော့ စိတ်ရင်းနှင့်ဂုဏ်ပြုပေးတဲ့သူပါ။
(၄) သင့်ရဲ့လုပ်နိုင်စွမ်းနှင့်ဖြစ်နိုင်စွမ်းကိုအမြဲယုံကြည်ပေးကြသူတွေကလည်း တစ်ကယ့်မိတ်ဆွေကောင်းတေါပါပဲ။ ကိုယ်ရေးကိုယ်တာစည်းကိုမချိုးဖောက်ပဲ သင့်ရဲ့ဆုံးဖြတ်ချက်တွေ လုပ်နိုင်မှုတွေကို ယုံကြည်ပေးတတ်ကြပါတယ်။

(၅) အပြင်ထွက်ဖို့ခေါ်တာ နှစ်ယောက်အတူလုပ်လို့ရတဲ့ Activity တွေလုပ်ဖို့ခေါ်တာမျိုးကလည်း သူငယ်ချင်းကောင်းတွေလုပ်လေ့ရှိတဲ့အရာတွေပါ။ ဒီလိုလုပ်ဖို့ဆိုတာ တစ်ဖက်လူကိုအချိန်ပေးအာရုံစိုက်နိုင်မှသာဖြစ်တာကြောင့် ဒီလိုလူတွေဟာတစ်ကယ့်သူငယ်ချင်းကောင်းတွေပဲဖြစ်ပါတယ်။






