
ဆွယ်တာလက်ရှည်တွေနှင့် အကွက်စကပ်တွေကို အရောင်လိုက်တာတွဲဖက်ဝတ်ထားတဲ့ဖက်ရှင်ဟာ ရုံးသွားဖက်ရှင်အတွက် အတော်လေးအဆင်ပြေတဲ့ဝတ်စုံပါ။ အထူးသဖြင့် အညိုရောင်လိုမျိုးအရောင်မှိုင်းတဲ့ပုံစံတွေဟာ တည်ငြိမ်ရင့်ကျက်ပုံပေါ်စေတာကြောင့် ရွေးချယ်သင့်တဲ့စတိုင်တစ်ခုဖြစ်ပါတယ်။

ကိုယ်ကြပ်ဆွယ်တာလည်ပိတ်တွေနှင့် စကပ်ရှည်တွေကိုတွဲဖက်ဝတ်တာကလည်း လူငယ်ပိုင်းသာမကဘဲ သက်လတ်ပိုင်းအမျိုးသမီးတွေကြားမှာပါ ခေတ်စားတဲ့စတိုင်ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ပြောင်စကပ်ရှည်ကို ဆွယ်တာနှင့်တွဲဝတ်တာကလည်း ပုံစံကျပြီးတော့ ရုံးသွားဖက်ရှင်အတွက် အတော်လေးအဆင်ပြေစေမယ့်ပုံစံဖြစ်ပါတယ်။

အလိုက်ဖက်ဆုံးအရောင်တွေဖြစ်တဲ့ အနက်ရောင်နှင့်အဖြူရောင်စကပ်ရှည်ကိုတွဲဖက်ထားခြင်းက ရုံးသွားဖက်ရှင်အတွက်သာမက အလှပုံတွေရိုက်ဖို့အတွက်တောင်အဆင်ပြေတဲ့ပုံစံပါ။ ရိုးရှင်းတဲ့ဖက်ရှင်ပေါင်းစပ်မှုဖြစ်ပေမဲ့ အတော်လေးကျက်သရေရှိတဲ့ပုံပေါ်စေတဲ့ဖက်ရှင်လည်းဖြစ်ပါတယ်။

နွေရာသီလိုမျိုး ပူတဲ့ရာသီတွေမှာ စကပ်ရှည်လေးတွေကို အတို ဒါမှမဟုတ် တီရှပ်ပြောင်အပွလေးတွေနှင့်တွဲဖက်ဝတ်တာကလည်း ရိုးရှင်းပေမဲ့ လှပြီးကြည့်ကောင်းတဲ့ဖက်ရှင်ပုံစံဖြစ်ပါတယ်။

လူငယ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တဲ့ ဒီလိုဖက်ရှင်ပုံစံကလည်းပဲ ခေတ်ဆန်လွန်းပြီး လူငယ်ဆန်နေပေမဲ့ ရုံးသွားရုံးလာဝတ်ဖို့အတွက် အဆင်ပြေတဲ့ဖက်ရှင်လေးဖြစ်ပါတယ်။





