လပုံစံလေးတွေဟာ လက်ဝတ်ရတနာတွေအဖြစ်ဝတ်ဆင်ရင် အတော်လေးလှပြီးတော့ လူငယ်လည်းဆန်ပါတယ်။ ဒါကြောင့် လပုံစံကိုဆွဲကြိုးဒီဇိုင်းအမျိုးမျိုးအဖြစ် ဝတ်ဆင်ချင်တဲ့မိန်းကလေးတွေအတွက် ဒီဇိုင်းပုံတွေကိုဖော်ပြပေးပါမယ်။

ကြယ်ပုံနှင့်လပုံလေးကို အကွာအဝေးမတူညီအောင်လုပ်ထားပြီး နှစ်ဆင့်ဆွဲကြိုးလိုမျိုးလုပ်ထားတာကလည်း တစ်ကယ်ကိုလူငယ်ဆန်ပြီး ကြည့်လို့လှတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီဒီဇိုင်းကလည်း ကြယ်နှင့်လကို ပနံသင့်အောင်ပေါင်းစပ်ထားတာကြောင့် လပုံသဘောကျတဲ့မိန်းကလေးတွေတိုင်း သဘောကျမယ့်လည်ဆွဲဒီဇိုင်းလေးပဲဖြစ်ပါတယ်။

လနှင့်ကြယ်ကိုကပ်ရက်ထားပြီး ပုံစံတစ်မျိုးနှင့်ထူးခြားတဲ့ဒီဒီဇိုင်းလေးကတော့ ဖန်စီအနေနှင့်သာမက တစ်ကယ့်ရွှေအစစ်နှင့်လုပ်မယ်ဆိုရင်တောင် လှနိုင်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီလိုလခြမ်းပုံအကြီးကြီးတွေကလည်း Hip ဆန်တဲ့ဖက်ရှင်တွေနှင့်လိုက်ဖက်ပြီးတော့ ရှုပ်ထွေးပေမဲ့ လှတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။

အရိုးရှင်းဆုံးက အလှဆုံးလို့ပြောသလိုမျိုး ဒီလိုရိုးရှင်းတဲ့လခြမ်းပုံလေးကလည်း ရိုးရှင်းပြီး လည်တိုင်အလှကိုသေချာလေးဖော်ပြပေးနိုင်မယ့်ဒီဇိုင်းဖြစ်ပါတယ်။

လူကြိုက်အများဆုံးဒီဇိုင်းဖြစ်တဲ့ ဒီလိုလခြမ်းပုံလေးကတော့ ရိုးရှင်းတဲ့အပြင် လူငယ်တွေအတွက် သင့်တော်တဲ့ဒီဇိုင်းလေးတစ်ခုဖြစ်ပါတယ်။