MAC Ruby Woo
တောက်ပပြီးနီရဲနေတဲ့ MAC ရဲ့နာမည်ကြီး Ruby Woo ဟာ မိန်းကလေးတွေအသုံးအများဆုံး နှုတ်ခမ်းနီဖြစ်ပါတယ်။ ဒီအရောင်ဟာ အသားအရေကာလာအမျိုးမျိုးနှင့်လိုက်ဖက်ပြီးတော့ ကြာရှည်ခံတာကြောင့်နာမည်ကြီးတဲ့ နှုတ်ခမ်းနီဖြစ်ပါတယ်။

NARS Velvet Matte Lip Pencil in Dragon Girl
NARS ရဲ့ ဒီနှုတ်ခမ်းနီဟာ အရောင်တောက်ရုံလှရုံတင်မကဘဲ အစိုဓာတ်ကိုသေချာထိန်းပေးတာကြောင့်ပါ နာမည်ကြီးတဲ့နှုတ်ခမ်းနီဖြစ်ပါတယ်။ နှုတ်ခမ်းပုံစံကိုသေချာပုံပေါ်စေတာကြောင့်ပါ အတော်လေးနာမည်ကြီးတဲ့ အမျိုးအစားဖြစ်ပါတယ်။

Charlotte Tilbury Pillow Talk
ပန်းမိတ်ကပ်ရောင်အရင့်လို့ဆိုနိုင်တဲ့ ဒီနှုတ်ခမ်းနီကလည်း သူ့ရဲ့တစ်မူထူးခြားတဲ့အရောင်နှင့် အထူအသားကြောင့်နာမည်ကြီးပါတယ်။

Fenty Beauty Stunna Lip Paint in Uncensored
ကမ္ဘာကျော်အဆိုတော် ရီးဟားနားရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဒီနှုတ်ခမ်းနီဟာလည်း အရောင်ပြတ်သားမှုနှင့် ရွှန်းစိုမှုတွေကြောင့် တစ်ခြားအနီရောင်နှုတ်ခမ်းနီတွေထက်ပိုပြီးလူကြိုက်များတဲ့အရောင်ဖြစ်ပါတယ်။
