အချစ်တွေကြာရှည်ခံစေဖို့နည်းလမ်းကောင်းများ

//s9.kh1.co/66/665c565ebc3c70b071f10647919b6b43fc16540d.jpg
MPT Lifestyle

 ၁၃-ဖေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၅ လ က

အချစ်တွေကြာရှည်ခံစေဖို့နည်းလမ်းကောင်းများ

(၁) အသိအမှတ်ပြုပေးပါ။ ချစ်သူအချင်းချင်းကြားမှာ အသိအမှတ်ပြုတာတွေမလိုအပ်ဘူးလို့ထင်မြင်နိုင်ပေမဲ့ အမှန်တော့တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုခြင်းက ဆက်ဆံရေးတွေကိုပိုကောင်းမွန်စေပါတယ်။ အမြဲဂရုစိုက်တဲ့ အနေအထားကိုလည်းဖော်ပြနေသလို ဒီလိုလုပ်ခြင်းက တစ်ဖက်လူအပေါ် ကိုယ်ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကိုလည်းဖော်ပြနေပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/47/4762a5f073c2249f820a131ba05574c828d59de2.png

(၂) ပြဿနာတွေကိုဖြေရှင်းပါ။ ဆက်ဆံရေးတွေမှာ ပြဿနာဖြစ်တတ်တာကထူးဆန်းတဲ့အကြောင်းအရာမဟုတ်ပါဘူး။ ဒီလိုပြဿနာတွေဖြစ်လာရင် သေချာဖြေရှင်းပြီးအစိုင်အခဲတွေကျန်မနေအောင်ဂရုစိုက်ရပါမယ်။ လူအများစုဟာ ပြဿနာတွေဖြစ်လာရင် မျိုသိပ်လိုက်ပြီး နောက်မှပေါက်ကွဲကြလေ့ရှိတာကြောင့် ဆက်ဆံရေးအဆင်ပြေဖို့ဆို ပွင့်လင်းပြီး ပြဿနာတွေကိုသေချာဖြေရှင်းဖို့လည်းလိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/2a/2aab9b00a0ba955594878f9e90fe4bd0beba982d.png

(၃) အချိန်ပေးပါ။ ဆက်ဆံရေးသက်တမ်းဘယ်လောက်ပဲကြာမြင့်လာပါစေ အချိန်ပေးပြီးဂရုစိုက်ပေးဖို့သတိရပါ။ အကြောင်းကတော့ အချိန်ပေးခြင်းက တစ်ဖက်လူကိုလေးစားမှုနှင့်တန်ဖိုးထားမှုရှိကြောင်းပြသတာဖြစ်သလို ဆက်ဆံရေးကောင်းလာစေဖို့သော့ချက်လည်းဖြစ်တာကြောင့်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/c4/c4178f496db2f3f0dac7de544ed89ee41474c169.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T