ထမင်းစားရင်အချဉ်ပါမှစားတတ်ကြတဲ့လူတွေရှိလား?အချဉ်ကိုကြိုက်ပေမယ့်ဓာတုပစ္စည်းတွေပါမှာစိုးရိမ်လို့ဝယ်မစားဖြစ်တဲ့သူတွေကောရှိလာ?ဒီတစ်ခါတော့ဆိုင်ကဝယ်စားရတဲ့လက်လုပ်ချဉ်တွေကိုမနှစ်သက်လို့ကိုယ်တိုင်ပဲလုပ်စားချင်သူတွေအတွက် အညာလက်ရာအတိုင်းမုန့်ညှင်းချဉ်သိပ်နည်းလေး ပြောပြပေးမှာဖြစ်ပါတယ်
ဆန်လက်တစ်ဆုပ်စာကိုအရည်ရစေဖို့ရေထည့်ကာဆန်ပြုတ်အနေအထားချက်ထားပါ (သို့)ထမင်းရေအနည်းငယ်စစ်ယူကာအအေးခံထားပါ။မုန့်ညှင်းရွက်ကိုဓားဖြင့်အနေတော်လှီး၍သော်လည်ကောင်း လက်ဖြင့်အနေတော်ဖဲ့၍သော်လည်ကောင်းရေစင်အောင်ဆေးကာရေစစ်ထားပါ။ မုန်လာဥအဖြူ၊မုန်လာဥအနီတို့ကိုလည်းရေဆေးပြီးအခွံနွာကာမိမိနှစ်သက်ရာအတိုင်းလှီးဖြတ်ထားပါ။ငရုပ်သီးအစိမ်း၊ငရုပ်သီးခြောက်တို့ကို အစပ်နှစ်သက်သလောက်ကပ်ကြေးဖြင့်ညှပ်ထားပြီး ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ကိုလည်းရေစင်အောင်ဆေးကာညက်အောင်ထောင်းထားပါ
ပါဝင်ပစ္စည်းအားလုံးပြင်ဆင်ပြီးပါက ရေပြောင်အောင်စစ်ထားသောမုန့်ညှင်း၊မုန်လာဥအဖြူ၊ဥနီတို့ တို့ကို ဇလုံကြီးကြီးတစ်လုံးမှာထည့်ပြီးဆား(များများ)၊သကြားအနည်းငယ်၊ကြက်သွန်ဖြူ၊ဂျင်း၊ ငရုပ်သီး၊နနွင်းမှုန့်အနည်းငယ်တို့ထည့်ပါ။ပါဝင်ပစ္စည်းအားလုံးထည့်ပြီးပါက ထမင်းရည် (သို့) အရည်ကျဲကျဲချက်ထားသောထမင်းကိုအနည်းငယ်ချင်းထည့်ကာလက်ဖြင့်ဆုပ်ပြီးအရွက်တို့နွမ်းအောင်ကြမ်းကြမ်းနယ်ပေးပါ။အရွက်အားလုံးနွမ်းပါက အဖုံးပါသောဘူတစ်ခုထဲသို့သိပ်ထည့်ကာ နေပူပူတွင် ၃ ရက်ခန့်ထားပါ။နေရောင်ခြည်ပြပြီးပါကအချဉ်အနေအထားမြည်းကာမိမိနှစ်သက်ရာအတိုင်းသုံးဆောင်နိုင်ပါပြီ