Toxic Relationship ကနေရုန်းထွက်ချင်နေတဲ့သူကို ဘယ်လိုကူညီပေးမလဲ

//s9.kh1.co/2e/2e1a8430f65cffc1324e4bd9cda8512b13af6f4b.jpg
MPT Lifestyle

 ၀၉-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၆ လ က

Toxic Relationship ကနေရုန်းထွက်ချင်နေတဲ့သူကို ဘယ်လိုကူညီပေးမလဲ

ကိုယ့်အသိမိတ်ဆွေ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်ဟာ တစ်ခုထဲမှာပိတ်မိနေပြီးတော့ ရုန်းထွက်လာချင်တယ်ဆိုရင် ဘယ်လိုကူညီပေးရမလဲဆိုတာကိုဖော်ပြပေးပါမယ်။ ဒီလိုဆက်ဆံရေးမျိုးမှာ ပိတ်မိနေသူအများစုဟာ အချိန်ကြာလာတာနှင့်အမျှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှုတွေပျောက်ဆုံးသွားတာကြောင့် သူတို့ကိုအထင်သေးတာမျိုးမလုပ်ဘဲ သူတို့ပြောတာကိုနားထောင်ပေးသင့်ပါတယ်။ ဝေဖန်ထောက်ပြပေးနေတာထက် သူတို့စိတ်ထဲကအကြောင်းအရာတွေကိုဖော်ပြလာအောင်နားထောင်ပေးရပါမယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/5a/5abf44ad2d6ad5844e40d1aa677670ae7ed5ed18.png

သူတို့ကိုဖိအားပေးတာ အတင်းအကြပ်တိုက်တွန်းတာမျိုးမလုပ်ဘဲ သူတို့ကိုယ်တိုင်စိတ်ဖွင့်လာနိုင်တဲ့အထိအားပေးနေရပါမယ်။ ဒီဆက်ဆံရေးဟာ သူတို့အပြစ်မဟုတ်ကြောင်းနှင့်သူဟာလေးစားဖို့ထိုက်တန်တဲ့သူဖြစ်ကြောင်းလက်ခံလာအောင် စိတ်ပိုင်းဆိုင်ရာအရ ကူညီပေးရပါမယ်။

https://s9.kh1.co/__image/w=564,h=328,q=100/5a/5a7daf21982677df88e3bae24c9f363de3a05c8f.png

တစ်ကယ်လို့သူနားလည်သွားပြီဆိုရင်တောင်မှ ရုန်းထွက်ဖို့ကိုဖိအားပေးပြီးမလုပ်စေသင့်ပါဘူး။ သူကိုယ်တိုင်ဆုံးဖြတ်ပြီး ဘယ်လိုလုပ်မယ်ဆိုတဲ့အကြောင်းသေချာသွားတဲ့အထိ စောင့်ပေးသင့်ပါတယ်။ ဒါ့အပြင် သူ့အတွက်လုံခြုံမှုရှိဖို့အတွက် သေချာကူညီပေးပြီးတော့ လိုအပ်ရင်ကျွမ်းကျင်ဆရာဝန်တွေနှင့် တိုင်ပင်ဆွေးနွေးတာမျိုးလုပ်ခိုင်းသင့်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=376,q=100/ff/ff79386d2d2f2c84bc2eaf935ca42ad6fa7bf4c5.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T