ဆက်ဆံရေးတစ်ခုကိုစိတ်ကုန်သွားစေတဲ့အကြောင်းရင်းများ

//s9.kh1.co/1f/1f00058856e8cd871f852b64eff1d48ba335fd0f.jpg
MPT Lifestyle

 ၁၀-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၆ လ က

ဆက်ဆံရေးတစ်ခုကိုစိတ်ကုန်သွားစေတဲ့အကြောင်းရင်းများ

ဆက်ဆံရေးတစ်ခုကို ရှေ့ဆက်ဖို့လည်းစိတ်မပါ လမ်းခွဲဖို့လည်းမစဥ်းစားချင်ဘဲ စိတ်ကုန်သွားတဲ့အခိုက်အတန့်တွေရှိနိုင်ပါတယ်။ ဒီလိုဖြစ်လာတာရဲ့ အဓိကအကြောင်းရင်းကတော့ တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်မှုမရှိလို့ပါပဲ။ အထူးသဖြင့် ချစ်သူသက်တမ်းကြာလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်အထူးတလည်မဆက်သွယ်မိကြတော့တာဟာ ဒီလိုအဖြစ်မျိုးကိုဖြစ်လာစေပါတယ်။  

https://s9.kh1.co/__image/w=564,h=376,q=100/30/30e102d87d535f6d4b424f15d260a5b88c1f8de1.png

ပါတနာဖြစ်သူအပေါ်မဖြစ်နိုင်တဲ့မျှော်မှန်းချက်တွေရှိနေတာကလည်း စိတ်ကုန်သွားနိုင်တဲ့အကြောင်းရင်းတစ်ခုပါ။ မဖြေရှင်းရသေးတဲ့ ပြဿနာတွေကိုစိတ်အတွင်းမှာသိမ်းထားတာကလည်း အချိန်ကြာလာရင် အမာရွတ်တစ်ခုလိုဖြစ်လာပြီး ဆက်ဆံရေးကိုကြီးမားတဲ့ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/41/41b40561582a246b0f46e1cf20d83fd42c9c71b0.png

အတွေးအခေါ်နှင့်တာဝန်ယူနိုင်မှုတွေမတူညီတဲ့အခါမှာလည်း တစ်ဖက်သားကိုစိတ်ပျက်သွားပြီး ဆက်ဆံရေးအပေါ်စိတ်ကုန်သွားနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လေးစားမှုမရှိခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်လူကိုလေးစားမှုမရှိဘဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပါ ဝင်ရောက်စွက်ဖက်နေခြင်းဟာ အချိန်ကြာလာလေ စိတ်ကုန်စရာဖြစ်လာလေ ဖြစ်လာမှာပါ။ 

https://s9.kh1.co/__image/w=508,h=508,q=100/bd/bd578cc5e7cb3831a84ad6af0a5aa4f5a711ca1f.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T